အရောင်းသွက်သည့်ငါးခြောက်စျေးကွက်

Powered by Drupal

               ၂၀၂၅  ခုနှစ်မေလပထမပတ်အတွင်း   အလှူပွဲတော်များ၊  ဘုရားပွဲများနှင့်  မင်္ဂလာပွဲများ ကျင်းပမှုများပြားသည့် ရာသီဖြစ်ပြီး၊  မန္တလေးစျေးချိုတော်တွင်ငါးခြောက်များအရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးစျေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ ဖြစ် သည့်ငါးခြောက်၊ ငါးပိနှင့် ပုဇွန်ခြောက် များအား ရန်ကုန်တိုင်းဒေသကြီးနှင့်  မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ ဝင်ရောက် လျက်ရှိ ကြောင်း သိရပါတယ်။  ၂၀၂၅ ခုနှစ်မေလပတ်အတွင်းအမျိုးအစားအလိုက်တစ်ပိဿာ ပေါက် စျေးတို့မှာ  ငါးနီတူး ခြောက် ၂၀၀၀ဝိ/- နှင့် ၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက် (လုံး)၁၆၀၀ဝိ/- နှင့်၂၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက်(ပြား) ၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/-၊  ငါးရောင်ခြောက်  ၄၅၀၀ဝိ/- နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့်၇၅၀၀ဝိ/-၊ငါးရံ့ခြောက် (ပြား)၈၅၀၀ဝိ/-  နှင့် ၉၅၀၀ဝိ/-၊ ပုဇွန်ခြောက် ၂၅၀၀ဝိ/- နှင့် ၆၀၀၀ဝိ/- စျေးတို့ အသီးသီးဖြစ် ပေါ် လျက်ရှိကြောင်း သိရပါတယ်။ 

DOCA(မန္တလေး)