သံပုရာသီးနှင့်သံပုယိုသီးစျေးကွက်

Powered by Drupal

            ကုန်စိမ်းစျေးကွက်အတွင်း မေလပထမပတ်တွင် သံပုရာသီးနှင့် သံပုယိုသီးဝင်ရောက်မှု များပြားပြီး အရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ စျေးကွက်အတွင်း ရောက်ရှိလာသည့် သံပုရာသီးမှာ တောင်အင်းမြောက်အင်းကျေးရွာ၊ မိချောင်းတပ်ကျေးရွာတို့မှာ စိုက်ပျိုးထွက်ရှိသည့် အသီးများနှင့်သံပုယိုသီးမှာ ရွှေစာယံကျေးရွာ၊ မီးသွေးဘုတ်ကျေးရွာတို့မှ စိုက်ပျိုးထွက်ရှိသည့်အသီး များ ပိုမိုဝင်ရောက်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း အခြားမြို့နယ်များနှင့်စစ်ကိုင်းတိုင်း ဒေသကြီး တို့မှလည်း ဝင်ရောက်ကြောင်း  သိရပါတယ်။ မန္တလေးမြို့၊၄၁လမ်း၊ ကုန်စိမ်းစျေးတွင် ၂၀၂၅ခုနှစ် မေလပထမပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော  သံပုရာသီးလက္ကားစျေးမှာ ၂၅လုံးလျှင် ၃၅၀ဝိ/- နှင့် ၅၀၀ဝိ/-စျေး၊သံပုယိုသီးလက္ကားစျေးမှာ ၂၅ လုံးလျင် ၂၀၀ဝိ/- နှင့် ၃၀၀ဝိ/-စျေး၊သံပုယိုနှင့် သံပုရာ ချဉ်ထုတ်တစ်ထုတ် (တစ်ပိဿာ ပါ)လျင်  လက္ကားစျေး ၂၀၀ဝိ/- နှင့် ၄၀၀ဝိ/- စျေး၊ လက်လီ စျေးမှာ သံပုရာသီးတစ်လုံးလျင် ၂၅ဝိ/- နှင့်၄၀ဝိ/-စျေး၊သံပုယိုသီးတစ်လုံးလျှင် ၁၅ဝိ/- နှင့် ၂၅ဝိ/- စျေး တို့ဖြစ်ပေါ် လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ပြောပြချက်အရ သိရပါတယ်။

DOCA(မန္တလေး)