အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၁၆.၆.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၂၂.6.၂၀၂၂)ရက်နေ့အတွင်း နှမ်းနက်(စမုံ)(၄၅ပိဿာ) ယခင်အပတ်(၁၇၅၀၀ဝိ/-) ယခုအပတ်(၁၇၅၀၀ဝိ/-)၊ နှမ်းပြာ ယခင်အပတ် (၁၆၀၀၀ဝိ/-) ယခုအပတ် (၁၆၀၀၀ဝိ/-)၊ နှမ်းဖြူ ယခင်အပတ်(၁၆၅၀၀ဝိ/-) ယခုအပတ်(၁၆၅၀၀ဝိ/-)၊ နှမ်းနီ ယခင်အပတ်(၁၆၅၀၀ဝိ/-) ယခုအပတ် (၁၆၅၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ) (၂၀)ပိဿာဝင် (၁)တင်းလျှင် ယခင်အပတ်(၄၃၇၀ဝိ/-) ယခုအပတ်(၄၃၅၀ဝိ/-)ဖြစ်၍ (၂၀ဝိ/-)ဈေးနှုန်းလျော့ခဲ့ပါသည်။ မတ်ပဲမှာ ယခင်အပတ်(၅၀၀၀ဝိ/-) ယခုအပတ်(၅၀၅၀ဝိ/-)ဖြစ်၍ (၅၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ(HL) ယခင်အပတ်(၄၈၅၀ဝိ/-) ယခုအပတ် (၅၀၀၀ဝိ/-)ဖြစ်၍ (၁၅၀ဝိ/-)ဈေးမြင့်၊ ကုလားပဲ (မြကြေး) ယခင်အပတ် (၄၉၀၀ဝိ/-) ယခုအပတ် (၅၀၅၀ဝိ/-)ဖြစ်၍ (၁၅၀ဝိ/-)ဈေးမြင့်၊ ဘိုကိတ်ပြာ ယခင်အပတ်(၃၁၀၀ဝိ/-) ယခုအပတ်(၃၂၀၀ဝိ/-) ဖြစ်၍ (၁၀၀ဝိ/-)ဈေးမြင့်၊ ပဲကြီး ယခင်အပတ်(၆၉၀၀ဝိ/-) ယခုအပတ်(၇၀၀၀ဝိ/-) (၁၀၀ဝိ/-)ဈေးမြင့်၊ မြေပဲလုံးဆံနီ ယခင်အပတ် (၄၄၀ဝိ/-) ယခုအပတ်(၄၅၀ဝိ/-)ဖြစ်၍ (၁၀ဝိ/-)ဈေးမြင့်၊ မြေပဲလုံးဆံဖြူ ယခင်အပတ်(၄၄၀ဝိ/-) ယခုအပတ်(၄၅၀ဝိ/-)ဖြစ်၍ (၁၀ဝိ/-)အသီးသီးဈေးနှုန်းမြင့်တက်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် နှမ်းနက်(စမုံ) (၄၃၀)အိတ်၊ နှမ်းပြာ(၁၂၅)အိတ်၊ နှမ်းဖြူ(၇၀)အိတ်၊ နှမ်းနီ(၈၅)အိတ်၊ ပဲစဉ်းငုံ(နီ) (၈၇၀)အိတ်၊ မတ်ပဲ(၂၂၀)အိတ်၊ ကုလားပဲ(HL)(၄၅၀)အိတ်၊ ကုလားပဲ (မြကြေး) (၃၆၀)အိတ်၊ ဘိုကိတ်ပြာ(၁၂၅)အိတ်၊ ပဲကြီး(၄၈၀)အိတ်၊ မြေပဲလုံးဆံနီ (၂၂၅)အိတ်၊ မြေပဲလုံး ဆံဖြူ(၃၂၅)အိတ်တို့ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်းသိရှိရပါသည်။
ဝါဈေးကွက်အနေဖြင့် ယခင်အပတ် (၁)ပိဿာလျှင် (၂၃၀ဝိ/-)ရှိခဲ့ရာမှ ယခုအပတ်(၂၄၀ဝိ/-) ဖြစ်၍ (၁၀ဝိ/-)ဈေးနှုန်းမြင့်ကာ ပိဿာချိန် (၁၆၀၀ဝ)ခန့်အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်ထံမှ သိရှိခဲ့ရပါသည်။
DOCA(မကွေး)