
တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခင်လက စပါး တင်း ၁၀၀ လျှင် ၁၅၀၀၀၀၀ ကျပ် ရှိရာမှ ယခုလတွင် ၁၄၀၀၀၀၀ ကျပ်အထိ၊ ဆန်ဈေးမှာ ဧည့်မထ အလတ်စဆန် တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်မှ ၅၆၀၀၀ ကျပ်အထိရှိရာ ဈေးနှုန်းကျဆင်းပါသည်။
ယခင်လက ဆန်ကွဲကြီးတစ်အိတ်လျှင် ၄၈၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၂၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ဆန်ကွဲကြီးတစ်အိတ် လျှင် ၄၄၀၀၀ ကျပ်၊ ဆန်ကွဲသေး တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်ကျဆင်းပါသည်။ ဖွဲနုမှာ ယခင်လက ၂၄၀၀၀ ကျပ်မှ ယခုလတွင် ၂၆၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၂၀၀၀ ကျပ် ဈေးတတ်ပါသည်။
တောင်သူလယ်သမားအများစုမှာ စပါးကိုပွဲစားများထံသို့တိုက်ရိုက်ရောင်းချပြီး တောင်သူ အချို့မှာ စပါးကိုစက်အရောက်သယ်ယူ၍ ကြိတ်ခွဲပြီးမှ ထွက်ရှိလာသော ဆန်နှင့်ဆန်ထွက် ပစ္စည်းများ ကို ပြန်လည်ရောင်းချခြင်းဖြင့် အကျိုးအမြတ် ပိုရကြောင်းသိရပါသည်။
DOCA(ပဲခူး)