တောင်ငူခရိုင်၊ ဖြူးမြို့တွင် ပဲဈေးအတက်အကျရှိ

Powered by Drupal

     တောင်ငူခရိုင်၊ ဖြူးမြို့တွင် မတ်ပဲ၊ ပဲတီစိမ်း ပဲသစ်များပေါ်နေပြီဖြစ်ရာ ယခင်အပတ်က မတ်ပဲ (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ် လျှင် ၁၄၇၅၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၂၅၀၀ ကျပ် ဈေးနှုန်းကျဆင်းပါသည်။

      ပဲတီစိမ်းမှာ ယခင်အပတ်က (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၁၅၇၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၇၀၀၀ ကျပ် ဈေးတတ် ပါသည်။ ပဲလွန်းဖြူမှာ ဖြူးမြို့နယ်တွင် အရောင်းအဝယ်မရှိကြောင်း ဖြူးမြို့ ရွှေခြင်္သေ့မင်းပွဲရုံ မှ သိရပါသည်။

DOCA(ပဲခူး)