
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၅ ခုနှစ် ဧပြီ၊မေလ ဒုတိယပါတ်အတွင်း လယ်ငါးခူပျမ်းမျှပိဿာ ၅၀၀၀၀ အထိ တင်ပို့ရောင်းချထားကြောင်း ပန်းတနော်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေး ငါးဒိုင်ဒေါ်မူမူတင် လုပ်ငန်းလုပ်ကိုင်သူ၏ ပြောကြားချက်အရ သိရသည်။
ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၅ ခုနှစ် မတ်လ၊ ဧပြီလ၊ မေလဒုတိယပါတ် (၉-၅-၂၀၂၅)ရက်အထိ လယ်ငါးခူပိဿာ ၅၀၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်က ဒေသမှာ လယ်ငါးခူတွေ ထွက်ရှိနေတဲ့အချိန်ဖြစ်ကြောင်း အင်းအိုင်များမှလည်း ငါးခူးများထွက်ရှိကြောင်း၊ လယ်ငါးခူက ပြည်တွင်းစားသုံးမှုများတဲ့ငါးဖြစ်ပါကြောင်း အရောင်းအဝယ်ကောင်းပေမယ့် ဈေးကတော့ ပုံမှန်အခြေအနေမှာပဲ အရောင်းအဝယ်ဖြစ်နေပါသည်။ လယ်ငါးခူ ၁ပိဿာဈေးအနေဖြင့် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် ရောင်းဝယ်နေကြကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)