
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊မင်းလှမြို့နယ်တွင် စပါးဈေးကွက်အခြေအနေမှာ မတ်လနောက်ဆုံးပတ်နှင့်ဧပြီလပထမ၊ဒုတိယပတ်တို့တွင် ဆင်းသုခ၊မနောသုခ စပါး(၄၆)ပေါင်တင်း ၁၀၀လျှင် (၁၆၆၀၀၀၀)ကျပ်ရှိခဲ့ပြီး၊ဧပြီလစတုတ္ထပတ်တွင် (၁၇၁၂၀၀၀) ရှိခဲ့ကာ စပါးဈေးအနည်း ငယ်သာမြင့်တက်ခဲ့ပြီး အရောင်းအဝယ်အေးလျှက်ရှိပါသည်။
ဆန်ဈေးကွက်အနေဖြင့် ဆင်းသုခ၊မနောသုခ(အသစ်)တစ်ပြည်လျှင်၃၀၀၀ကျပ်၊(အဟောင်း) တစ်ပြည်လျှင် ၄၅၀၀ကျပ်၊ပေါ်ဆန်းမွှေးတစ်ပြည်လျှင်(အသစ်)၆၅၀၀ကျပ်၊(အဟောင်း)တစ်ပြည် လျှင် ၈၀၀၀ကျပ်၊ရတနာတိုးတစ်ပြည်လျှင် ၇၅၀၀ကျပ်၊ကောက်ညှင်းဆန်တစ်ပြည်လျှင် ၇၅၀၀ကျပ်၊ ဆင်းသုခ၊မနောသုခ(အဟောင်း)တစ်အိတ်လျှင် ၈၀၀၀ကျပ်မှ၈၅၀၀ကျပ်၊(အသစ်)တစ်အိတ်လျှင် ၇၀၀၀၀ကျပ်မှ၇၂၀၀၀ကျပ်ဖြင့်ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း ဆန်ရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ပဲခူး)