ကန်စွန်းရွက်၏အသုံးဝင်ပုံနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

         ကန်စွန်းရွက်သည် ဗမာကန်စွန်းရွက်နှင့် တရုတ်ကန်စွန်းရွက်(စိုက်ပျိုးရေး)ဟူ၍ အများအားဖြင့် သိရှိကြပြီးပါသည်။ ကန်စွန်းရွက်သည် ရေရရှိသောနေရာများတွင် လွယ်ကူစွာ ပေါက်ရောက်ရှင်သန်နိုင်ပြီး လူအတန်းအစားမရွေးကြိုက်နှစ်သက်သော အရွက်တစ်မျိုးဖြစ် ပြီးပါသည်။ ကန်စွန်းရွက်များသည် ချောင်းမြောင်းနှင့်အခြားရေရရှိသော နေရာများ၊ အင်းအိုင်၊ လယ်ကန်သင်း၊ လယ်ကွက်များတွင်  သဘာဝအလျောက် ပေါက်ရောက်မှုများမှ ရရှိနိုင်ပါ သည်။ စီးပွားဖြစ်သော်လည်းကောင်း တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စိုက်ပျိုးခြင်းများမှ လည်းထွက်ရှိ၍ ရာသီချိန်ခါမရွေး စားသုံးရသော သီးနှံတစ်မျိုးဖြစ်ပါသည်။ မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကန်စွန်းရွက်များကို စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ၂၀၂၅-ခုနှစ်၊ မေလဒုတိယပတ်အတွင်း ကန်စွန်းရွက်(၁)စည်းလျှင်(၂၀၀)ကျပ်၊ (၃၀၀)ကျပ် ဖြင့် ရောင်းချကြောင်း၊ ကန်စွန်းရွက်များကို အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ စားသောက်ဆိုင်များနှင့်အထောင်းစုံရောင်းချသော ဆိုင်များမှလည်းကောင်း ဝယ်ယူကြသဖြင့် ကန်စွန်းရွက်များအရောင်းအဝယ် သွက်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိ ရသည်။

DOCA (စစ်ကိုင်း)