
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဈေးကွက်အတွင်းသို့ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
ယခုအခါ မုံရွာမြို့ သံလမ်းဈေးနှင့် မြသလ္လာဈေးတို့၌ သံပုရာသီးအရွယ် အစား အပေါ်မူတည်၍ တစ်လုံးလျှင်(၅ဝ)ကျပ် မှ သုံးလုံးလျှင်(၁၀၀/-) ကျပ်အထိ ဈေးရရှိနေ ကြောင်း သိရှိရပါသည်။ သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာ ဖျော်ရည်၊ သံပုရာယိုနှင့် အခြားစားသောက်ဖွယ်ရာများတွင်လည်း ထည့်သွင်းစား သုံးရသည့် အသီးဖြစ်ပြီး စိုက်ပျိုးသည့် တောင်သူများအတွက်သာမက စားသုံးသူများအတွက်လည်း အကျိုးပြုသည့် အသီးပင်ဖြစ်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)