Anchorပဲပင်‌ပေါက်အကြောင်းသိကောင်းစရာ

Powered by Drupal

          ပဲပင်ပေါက်ဟုပြောလိုက်လျှင်အထူးတလည်ရှင်းပြစရာမလိုပဲလူတိုင်းလိုလို သိထားပြီးဖြစ်ပါ သည်။ ပဲပင်‌ပေါက်ဆိုသည်မှာ ပဲပင်လေးများမှ အပင်‌ပေါက်လာသော အခြေအနေ ဖြစ်ပါသည်။ ပဲပင်ပေါက်ကို ကြော်စား၍ရသလို၊ဟင်းချိုချက်၍လည်း စားသောက်လေ့ရှိကြသည်။ပဲပင်‌ပေါက်ကို အချည်ဖောက်ကာ ငရုတ်ကြမ်းမှုန့်ဖြင့်သုတ်စားသည်ကလည်း မြန်မာလူမျိုးတို့၏ ဟင်းလျာတစ်မျိုး ဖြစ်ပါသည်။ ပဲပင်‌ပေါက်တွင် ဗီတာမင်နဲ့သတ္တုဓါတ် ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာယ်တွက် ကျန်းမာစေနိုင်ပါသည်။ ပဲပင်ပေါက်ကိုစားသုံးခြင်းအားဖြင့်   အရိုးနဲ့ကြွက်သားတွေသန်မာစေနိုင် ခြင်း၊ အစာခြေစနစ်ကို ကောင်းမွန်စေပြီး သွေးအားနည်းခြင်းကို သက်သာစေနိုင်ပါသည်။ ပဲပင် ပေါက်တွင်ဗီတာမင်A ကြွယ်ဝစွာပါဝင်သောကြောင့် အမြင်အာရုံကောင်းစေနိုင်ပါသည်။ ပဲပင်ပေါက် သည်လူတိုင်းအတွက် ကျန်းမာရေးကိုများစွာ အထောက်ကူပြုသော်လည်း အသက်၅နှစ်အောက်က လေးများ၊ကိုယ်ဝန်ဆောင်မိခင်များ၊ကိုယ်ခံအားနည်းသူများ  အနေဖြင့်များများမစား သုံးသင့်ပါ။

DOCA(ပဲခူး)