ကန့်ဘလူမြို့ဒေသထွက် ခံသီးနှင့် ခဆော့သီးဈေးနှုန်းအခြေအနေများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

   ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ခံသီးပင်၊ ခဆော့ပင်များကို စိုက်ပျိုးကြကြောင်း၊ ခံသီးများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချကြောင်း၊ ၂၀၂၅ခုနှစ် မေလ ပထမပတ်အတွင်း ခံသီး(၁)ပြည်လျှင် (၂၂၀၀)ကျပ်၊ ခံသီး(၁)ဘူးလျှင်(၃၀၀)ကျပ်၊ ခရမ်းကဆော့သီး(၁)ပြည်လျှင် (၃၀၀၀)ကျပ်၊ ခရမ်း ကဆော့သီး(၁)ဘူးလျှင်(၄၀၀)ကျပ်ဖြင့် ရောင်း ချကြောင်း၊ ခံသီးများကို သုပ်စားခြင်း၊ ချက်စားခြင်းများပြုလုပ်၍ စားသုံးကြပြီး၊   ခဆော့သီးများကို ဒယ်အိုးထဲ ထည့်လှော်ပြီးသုပ်စားခြင်း၊ အစိမ်းလိုက်အခြမ်းလေးခြမ်းပြီး ချက်စားခြင်းများပြုလုပ်၍ စားသုံးကြကြောင်း၊ ယခုအခါ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း၊ အချဉ်ပေါင်း အရောင်း ဆိုင်များမှ အများဆုံး ဝယ်ယူကြသဖြင့် ခံသီးများကို အရောင်းအဝယ် သွက်လျက်ရှိပါကြောင်းနှင့် ခရမ်းကဆော့သီးများကိုလည် ထမင်းဆိုင်များမှ အများဆုံးဝယ်ယူကြသဖြင့် အရောင်းအဝယ် သွက်လျက်ရှိကြောင်း မြို့မဈေးရှိကုန်စိမ်း ရောင်းချသူတစ်ဦးထံမှသိရှိရ ပါသည်။

DOCA(စစ်ကိုင်း)