
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မြို့နယ်များမှ စပါးစိုက်ပျိုးပြီး ထွက်ရှိလာသော စပါးများကို ကြိတ်ခွဲရာမှ ထွက်ရှိလာသော ဆန်ကွဲနှင့် ဖွဲနုများကို ရန်ကုန်သို့အဓိကထား တင်ပို့ပြီး ရန်ကုန် ဘုရင့်နောင်၊ ရွှေပြည်သာ၊ ဆုးလေ၊ လှိုင်သာယာ ပွဲရုံ၊ မရမ်းကုန်းပွဲရုံ၊ အလုံဆိတ်ကမ်း အလုံမြို့ ၊ ရန်ကုန်စက်မှုဇုန်များနှင့် ပဲခူးမြို့ တို့ကိုသာ တင်ပိုကြောင်း သိရသည်။
၂၀၂၅ခုနှစ် မတ်လ က မအူပင်ခရိုင်မှ မအူပင် ဆန်ကွဲ၊၂၈၈၅အိတ်၊ ပန်းတနော် ဆန်ကွဲ ၂၇၀၃အိတ်၊ ညောင်တုန်း ၇၃၄၈၀အိတ်၊ ဓနုဖြူ ဆန်ကွဲ ၄၀၆၂အိတ် ဆန်ကွဲတင်ပို့မှုစုစုပေါင်း ၈၃၁၃၀ အိတ် အရေအတွက်နှင့် တန်အားဖြင့် ၄၁၅၆ တန်နှင့် အခြား မြို့နယ်များမှ ၁၃၄၃၀၀ အိတ် တန်အားဖြင့် ၆၇၁၅ တန် တင်ပို့ခဲ့သည်။
၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ မအူပင်ခရိုင်မှ ဆန်ကွဲ အိတ် စုစုပေါင်း (၁၀၇၆၃၉) အိတ် တန်အားဖြင့် ၅၃၈၁ တန် တင်ပို့ခဲ့သည်။ အခြားမြို့နယ်တင်ပို့နိုင်မှု အနေဖြင့် ဆန်ကွဲ (၁၄၅၄၅၀) အိတ် ၇၂၇၂ တန် တင်ပို့နိုင်ခဲ့သောကြောင့် ယခင်လနှင့် နှိုင်’ယှဉ်ပါက မအူပင်ခရိုင်အနေဖြင့် ဆန်ကွဲ ၂၄၅၀၉ အိတ် လျော့နည်း၍ တင်ပို့ကြောင်းနှင့် အခြားမြို့နယ်များမှ ၁၁၁၅၀ အိတ် လျော့နည်း၍ တင်ပိုခဲ့ကြောင်း ပန်တိုင်စစ်ဆေးရေးစာရင်းများအရသိရသည်၊
DOCA(ဧရာဝတီ)