ရန်ကုန်မြို့သို့ သင်္ဘော၊ ကားဖြင့် နေ့စဉ် ဆန်ဝင်ရောက်မှု

Powered by Drupal

      ၉.၅.၂၀၂၅ ရက်နေ့ ရန်ကုန်မြို့သို့ ဖျာပုံမြို့နယ်မှ ရွှေစင်လင်းသင်္ဘောဖြင့် ကြားပျံ (၁၉၀၅)အိတ်၊ ပေါ်ဆန်း(၃၀၅) အိတ်၊ ပေါ်ကျွဲ(၇၇၄) အိတ်၊ ဧည့်မထ(၁၁၁၃)အိတ်၊ ဆန်ကွဲ(၂၀၇၇)အိတ်၊ ဘိုကလေး မြို့နယ်မှ သုခဝတီသင်္ဘောဖြင့် ဧည့်မထ(၆၁၀၀)အိတ်၊ ဆန်ကွဲ(၁၉၉၃)အိတ်၊ ပြည့်ဖြိုးမောင် သင်္ဘောဖြင့်  ပေါ်ဆန်း(၂၃၀) အိတ်၊ ဧည့်မထ (၅၈၆)အိတ် နှင့်် ဆန့်ကွဲ(၂၅၀)အိတ် ၊ ကြယ်စန်းလင်းသင်္ဘောဖြင့် ပေါ်ဆန်း(၅၈၉) အိတ်၊ ပေါ်ကျွဲ(၁၁၅) အိတ်၊ ဧည့််မထ(၈၁၄) အိတ်၊ ဆန်ကွဲ(၃၁၃) အိတ်၊ လပွတ္တာမြို့နယ်မှ အောင်သိန်းသန်းသင်္ဘောဖြင့် ကြားပျံ(၁၄၈၁) အိတ်၊ ပေါ်ဆန်း(၆၈၄) အိတ်၊ ဆန်ကွဲ(၅၄၀) အိတ်၊ ကျိုက်လတ်မြို့မှ  ပြည့်ဝသာလွန်သင်္ဘောဖြင့် ဧည့်မထ(၅၈၆) အိတ်၊ ဆန်ကွဲ(၄၀၀) အိတ်တို့ ဝင်ရောက်ကြောင်း သိရှိရပါသည်။

    ၉.၅.၂၀၂၅ ရက်နေ့တွင် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှ ရန်ကုန်သို့ ဆန်များဝင်ရောက် မှုမရှိကြောင်း၊ ကျန်မြို့နယ်များဖြစ်သော ဖျာပုံ၊ ဘိုကလေး၊ လပွတ္တာ၊ ကျိုက်လတ်မြို့နယ်များမှ ဆန်အမျိုးအစားအိတ်ရေ(၂၀၈၄၅) ဝင်ရောက်ကြောင်း၊ ရှေ့ရက်များနှင့်နှိုင်းယှဉ်လျှင် ဆန်အိတ်အရေအတွက် ပိုမိုဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)