ပြည်ပဲမျိုးစုံဈေးကွက်၏သင်္ကြန်မတိုင်ခင်ကာလ ပဲဈေးနှုန်းနှင့် သင်္ကြန်ပြီးကာလ ပဲဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေ

Powered by Drupal

         ပဲခူတိုင်းဒေသကြီး၊ ပြည်ဈေးကွက်အတွင်း ပြည်တွင်း၊ပြည်ပ ဝယ်လိုအားရှိသော ပဲများအားလုံး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြရာ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ စသည့် သီးနှံများမှအိတ် (၇၀၀/၈၀၀)ကျော် အဝင်ရှိသလို ဝယ်လိုအားအနေဖြင့်လည်း လှောင်ပဲသမားနှင့် လက်ကား ဝယ်ယူမှုများရှိသည့် အတွက်ဝင်ရောက်မှုရှိခဲ့သလောက် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါသည်။ ပဲစဉ်းငုံသီးနှံအနေဖြင့် ယခုကာလမှာ ပဲအဝင်မရှိသလောက် ဖြစ်ခဲ့ပြီး တစ်ခါတစ်ရံ အိတ် (၂၀၀/၃၀၀)ကျော်ဝင်ရောက်ခဲ့သည် ဟုသိရပါသည်။ မတ်ပဲ၊ ပဲကြီး၊ ကုလားပဲစသည့်သီးနှံများသာ တစ်နှစ်တာလုံးရောင်းဝယ်မှုအမြဲ ဖြစ်သော်လည်း ပဲစဉ်းငုံသီးနှံမှာ ပဲအထွက်လျော့ချိန်၊ အဝင်များ ချိန်တွင်သာ အရောင်းအဝယ်သွက်ခဲ့ပြီး ကျန်ကာလများမှာ အရောင်းအဝယ်နေ့စဉ်မဖြစ်တော့ပဲ ရက်ခြားသာ ရောင်းဝယ်နေခဲ့ကြောင်းသိရပါသည်။ ပြည်ပဲမျိုးစုံဈေးကွက်မှာ ရောင်းဝယ်မှု အဖြစ်များသည့် ပဲများသင်္ကြန်မတိုင်ခင်ကာလဈေးနှုန်းနှင့် သင်္ကြန်ပြီးကာလဈေးနှုန်းများကို အောက်ပါအတိုင်းလေ့လာသိရှိရပါသည်-

စဉ်      ပဲအမျိုးအစား         သင်္ကြန်မတိုင်ခင်         သင်္ကြန်ပြီးကာလ       တင်းဈေး (ကျပ်)

                               ကာလ‌(ဈေး)                   (ဈေး)

၁။        မတ်ပဲ                         ၉၃၀၀၀                       ၉၇၀၀၀

၂။        ပဲစင်းငုံ                       ၉၃၅၀၀                       ၉၃၀၀၀

၃။        ကုလားပဲ (ဟော်လန်)    ၈၀၀၀၀                       ၈၅၀၀၀

           ကုလားပဲ (မြကြေးမှုံ)     ၉၀၀၀၀                       ၉၂၅၀၀

၄။        ပဲကြီး ‌(ရွှေကျွန်း)          ၇၈၀၀၀                       ၈၀၀၀၀

                    (ကမ်းနား)          ၇၅၀၀၀                       ၇၅၀၀၀

၅။        ဘိုကိတ်                      ၇၃၀၀၀                       ၇၁၀၀၀

           အထက်ဖော်ပြပါဈေးနှုန်းနှိုင်းယှဉ်မှုဇယားအရ မတ်ပဲသီးနှံမှာ သင်္ကြန်မတိုင်ခင်ကာလ ဈေးဆက်တိုက်အေးနေခဲ့တာကြောင့် ပိဿာ(၂၀)တစ်တင်း (၉၃၀၀၀)ကျပ်ဖြင့်သာ အ‌ရောင်း အဝယ်ဖြစ်ခဲ့ကြပါသည်။ အဆိုပါကာလများတွင် ဈေးအေးခဲ့သည်ဆိုသော်လည်း ပဲအဝင်များပြီး ဝယ်လိုအားလည်းများသည့်အတွက် အရောင်းအဝယ်ဖြစ်မှုပမာဏ များပြားခဲ့ကြောင်းသိရပါသည်၊။ သင်္ကြန်ပြီးကာလတွင်ပဲဝင်ရောက်မှုမှာအနည်းငယ်နည်းသွားသော်လည်း ဝယ်လိုအား ရှိနေသည့် အတွက် နေ့စဉ်ရောင်းချမှုရှိကြကာ ပဲဈေးနှုန်းမှာ သင်္ကြန်မတိုင်ခင်ကာလထက် ဈေးပိုရရှိနေပြီး ပိဿာ(၂၀)တစ်တင်း (၉၇၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟုသိရပါသည်။

           ပဲစဉ်ငုံသီးနှံမှာ ပိဿာ(၂၀)တစ်တင်း (၉၃၅၀၀)ကျပ်ဖြင့် သင်္ကြန်မတိုင်ခင်ကာလက ရောင်းဝယ်နေပြီး သင်္ကြန်ပြီးကာလမှာတစ်တင်း (၉၃၀၀၀)ကျပ်ဖြငိ့သာ ဈေးအတက်အကျမဖြစ်ပဲ ရောင်းဝယ်နေခဲ့သည်ကိုသိရှိရပါသည်။

           ကုလားပဲသီးနှံဈေးနှုန်းအနေဖြင့် သင်္ကြန်ပြီးကာလမှာ ဈေးအနည်းငယ်တက်လာသည်ဟု ယူဆရမှာဖြစ်ပြီး ဟော်လန်အမျိုးအစားမှာ တစ်တင်း (၈၅၀၀၀)ကျပ်၊ မြကြေးမှုံပဲအမျိုးအစားမှာ တစ်တင်း(၉၂၅၀၀)ကျပ်တို့ဖြင့် သင်္ကြန်မတိုင်ခင်‌ ရောင်းဝယ်ခဲ့သော ဈေးနှုန်းထက် ဈေးပိုရရှိ နေခဲ့ကြပါသည်။ ပဲအဝင်နေ့စဉ်ရှိသည့်အတွက် ခွဲစက်သမားများနှင့် ရန်ကုန်ဝယ်လက်သမားများမှ နေ့စဉ်ဝယ်ယူနေကြရသည်ဟုသိရပါသည်။

           ပဲကြီးသီးနှံမှာလည်း သင်္ကြန်ပြီးကာလတွင် ဈေးတက်ရိပ်ပြလာခဲ့ပြီး ရွှေကျွန်းတစ်တင်းလျှင် (၇၈၀၀၀)ကျပ်မှ (၈၀၀၀၀)ကျပ် ၊ (ကမ်းနား) တစ်တင်း (၇၅၀၀၀)ကျပ်မှ (၇၆၀၀၀)ကျပ်တို့ဖြင့် ပဲကြော်ဖိုလုပ်ငန်းသမားများ ဝယ်ယူမှုရှီကြသည်ဟုသိရပါသည်။

           ဘိုကိတ်ပဲ သီးနှံကတော့ ပဲဈေးကွက်မှာ ဈေးနိမ့်နေသလို ဈေးနှုန်းနှိုင်းယှဉ်မှုအရ သင်္ကြန်ပြီး ကာလမှာ ဈေးထပ်မံလျော့နည်းခဲ့တာကြောင့် ပိဿာ(၂၀)တစ်တင်း (၇၁၀၀၀)ကျပ်ဖြင့်သာ ရောင်းဝယ်နေခဲ့ကြပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် အိတ် (၂၀၀/၃၀၀)ကျော် အဝင်ရှိ သလောက် အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။

DOCA(ပဲခူး)