ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

Powered by Drupal

     ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၁၀.၅.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၃၀၁၂ အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၈၄၀ အိတ် နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ကျပ်၊ လက်စအိတ်ရေ ၉၂၀ နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၈၅၆ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၃၈၂၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၅၀၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၉၈၅ အိတ်၊ ဆန်ကြမ်းထိပ်စအိတ် ၂၅၄၃ ၊လတ်စအိတ်ရေ ၁၀၄၂၊ ၂၅မတ်ဆန်အိတ် ၁၀၄၃၊ ဆန်ကွဲအိတ်ရေ ၄၁၇၀၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၆၂၀ အိတ်၊ ဆန်ကြမ်းထိပ်စ ၂၃၉၇ အိတ်၊ လတ်စ ၁၃၆၀ အိတ်၊ ၂၅ မတ်ဆန်အိတ်ရေ ၁၁၅၀ နှင့် ဆန်ကွဲအိတ်ရေ ၃၉၆၂ တို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

  ၁၀.၅.၂၀၂၅ ရက်နေ့တွင် ဆန်ဝင်ရောက်မှုမှာ ယခင်နေ့ထက်အနည်းငယ်လျော့နည်းပြီး  ဆန်ဈေးနှုန်းများမှာလည်း ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)