ပြည်ကုန်စည်ဒိုင်၏ မတ်လ ပဲမျိုးစုံနှိုင်းယှဉ်ဈေး

Powered by Drupal

ပြည်ကုန်စည်ဒိုင်၏မတ်လတွင် ပဲသစ်များအဝင်ရှိနေပြီး ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက် ရှိနေပါသည်။

မတ်ပဲ

          မတ်လပထမပတ်တွင် ပတ်ပဲအသစ်များအဝင်ရှိနေပြီး တစ်တင်းကို(၉၄၀၀၀-၉၃၅၀၀)ကျပ် ဖြင့်  တစ်ရက်ကို အိတ်(၂၅၀-၃၀၀)ခန့် ရန်ကုန်အရောင်းအဝယ်ဖြစ်ပါသည်။ ဒုတိယပတ်တွင် မတ်ပဲ ကိုင်းပဲတစ်တင်း ကို (၉၂၅၀၀-၉၃၀၀၀)ကျပ်၊ မတ်ပဲ လယ်ပဲတစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့် ရှိပါသည်။ မတ်လ တတိယပတ်တွင် မတ်ပဲ ကိုင်းပဲတစ်တင်းကို (၉၃၅၀၀)ကျပ်၊ မတ်ပဲ လယ်ပဲတစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၇၀၀)ခန့် ရန်ကုန်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် မတ်ပဲ တစ်တင်းကို (၉၃၀၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၁၅၀၀)ခန့် ရှိပါသည်။

ပဲစဉ်းငုံ

          မတ်လပထမပတ်တွင် ပဲစဉ်းငုံ(သစ်) တစ်တင်းကို (၉၅၅၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၃၀၀)ခန့်ရှိခဲ့ပါသည်။ ဒုတိယပတ်တွင် ပဲစင်းငုံ တစ်တင်းကို (၉၂၅၀၀-၉၃၀၀၀) ကျပ်ဖြင့် တစ်ရက်ကို အိတ်(၂၅၀)ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ တတိယပတ်တွင် ပဲစင်းငုံ တစ်တင်း ကို (၉၂၀၀၀-၉၂၅၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၃၀၀)ခန့် အဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် ပဲစဉ်းငုံ တစ်တင်းကို (၉၃၀၀၀) ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကို အိတ်(၇၀၀-၈၀၀)ခန့် အဝယ်ရှိခဲ့ကြောင်း သိရပါသည်။

ကုလားပဲ

          မတ်လ ပထမပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၇၈၀၀၀-၇၉၀၀၀)ကျပ်ဖြင့် မြို့တွင်း ခွဲစက်သမားနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ်(၅၀၀)ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ(HL) ပဲတစ်တင်းကို (၈၀၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်းကို (၈၉၀၀၀-၈၉၅၀၀)ကျပ်ဖြင့် တစ်ရက်ကိုအိတ်(၃၀၀)ခန့် အရောင်းအဝယ် ရှိပါသည်။ တတိယပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၇၉၅၀၀-၈၀၀၀၀)ကျပ်၊ မြကြေးမှုံ တစ်တင်းကို (၉၀၀၀၀)ကျပ်ဖြင့် ရန်ကုန်ခွဲစက်များ အဝယ်တစ်ရက်ကို အိတ်(၈၀၀)ခန့် အရောင်းအဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲ(HL) တစ်တင်းကို (၇၉၀၀၀)ကျပ်၊ ကုလားပဲ (မြကြေးမှုံ)တစ်တင်းကို (၈၈၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် လှောင်သမား အဝယ်တစ်ရက်ကို အိတ်(၉၀၀)ခန့် အဝယ်ရှိပါသည်။

ပဲကြီး

          မတ်လ ပထမပတ်တွင် ပဲကြီး (ရွှေကျွမ်း)တစ်တင်းကို (၈၃၀၀၀)ကျပ်၊ ကုန်းပဲတစ်တင်းကို (၇၈၀၀၀)ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများ တစ်ရက်ကို အိတ်(၅၅၀)ခန့် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင် ပဲကြီး(ရွှေကျွမ်း)တစ်တင်းကို (၈၃၀၀၀၀)ကျပ်၊ ကုန်းပဲတစ်တင်းကို (၇၈၀၀၀) ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့် အဝယ်ရှိပါသည်။ တတိယပတ်တွင် ပဲကြီး (ရွှေကျွမ်း)တစ်တင်းကို (၇၈၀၀၀)ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို (၇၀၀၀၀)ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ်(၂၅၀)ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲသစ်အဝင်ရှိ (၁၄၀၀/၁၅၀၀)ခန့်သာရှိပြီး ပဲကြီး(ရွှေကျွမ်း)တစ်တင်းကို (၇၈၀၀၀-၇၉၀၀၀)ကျပ်၊ ကုန်းပဲ တစ်တင်း ကို (၇၀၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့်လှောင်သမား အဝယ်တစ်ရက်ကို အိတ်(၂၈၀၀/၃၀၀၀)ခန့် အဝယ် ရှိပါသည်။

ဘိုကိတ်

          မတ်လ ပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၇၆၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်တစ်ရက်ကို အိတ်(၂၀၀-၃၀၀)ခန့် ရှိပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ပဲ တစ်တင်းကို (၇၃၀၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ်(၁၀၀-၁၅၀)ခန့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိပါသည်။ တတိယပတ်တွင် ဘိုကိတ်တစ်တင်းကိူ (၇၃၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် ရန်ကုန်အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို (၇၄၀၀၀)ကျပ်ဖြင့် မြို့တွင်း အဝယ်တစ်ရက်ကို အိတ်(၂၀၀)ခန့် အဝယ်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ပဲသစ်များအဝင်ရှိနေပြီး ပဲသစ်ပဲဟောင်း နှစ်မျိုးစလုံး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

စဉ်

အမျိုး

အစား

ဖေဖော်ဝါရီလ

ပထမ

ပတ်

ဒုတိယ

ပတ်

တတိယ

ပတ်

စတုတ္ထ

ပတ်

ရန်ကုန်

လှောင်

သမား

မြို့တွင်း

မတ်ပဲ(ကိုင်းပဲ)

        (လယ်ပဲ)

၉၃၅၀၀

၉၄၀၀၀

၉၂၅၀၀

၉၃၀၀၀

၉၃၅၀၀

၉၅၀၀၀

၉၃၀၀၀

၉၄၀၀၀

၁၄၀၀

၁၅၀၀

 

 

ပဲစင်းငုံ

၉၁၀၀၀

၉၁၀၀၀

၉၁၀၀၀

၉၇၅၀၀/

၉၈၀၀၀

၃၀၀၀

 

 

ကုလားပဲ(HL)

၈၆၀၀၀/

၈၇၀၀၀

၈၀၀၀၀

၈၅၀၀၀

၈၄၀၀၀/

၈၅၀၀၀

၇၀၀

၂၀၀

၁၀၀

ကုလားပဲ

(မြကြေးမှုံ)

 

၈၄၀၀၀/

၈၅၀၀၀

၈၆၀၀၀

၈၈၀၀၀

၂၀၀

၁၀၀

၁၀၀

ပဲကြီး(ရွှေကျွမ်း)

၈၅၀၀၀

၈၅၀၀၀

၈၅၀၀၀

၈၆၀၀၀

 

၁၄၀၀

၁၅၀၀

ပဲကြီး(ကုန်းပဲ)

၈၀၀၀၀

၈၀၀၀၀

၈၀၀၀၀

၈၀၀၀၀

 

၁၄၀၀

၁၅၀၀

ဘိုကိတ်

၈၀၀၀၀/

၈၁၀၀၀

၇၇၀၀၀/

၇၈၀၀၀

၇၇၀၀၀/

၇၈၀၀၀

၇၇၀၀၀

 

 

၂၀၀

၃၀၀

 

DOCA(ပဲခူး)