
ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့မှ ငရုတ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငရုတ်သီးဈေးနှုန်းများမှာ ၁၂.၅.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(သစ်) အမြင့်ဆုံးဈေး ကျပ် ၈၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၇၅၀၀၊ မြှားနီ(သစ်) အမြင့်ဆုံးဈေး ကျပ် ၉၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၈၅၀၀၊ ပန်းရဲ/မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၈၅၀၀ မှ အနိမ့်ဆုံ ကျပ် ၈၀၀၀၊ မိုးထောင် မြစ်ဝ အမြင့်ဆုံးဈေး ကျပ် ၉၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၇၈၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ မြစ်ဝ (ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၅၅၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၄၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ယခုရက်သတ် တစ်ပတ်အတွင်း ငရုတ်သီးဆင်ဖြူကျွန်း(ပု)သစ်မှာ ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိပါသည်။
DOCA(ရန်ကုန်)