ပြည်ကုန်စည်ဒိုင်၏ သင်္ကြန်မတိုင်မီဈေးနှင့် သင်္ကြန်အပြီးပဲဈေးနှုန်းများနှိုင်းယှဉ်ခြင်း

Powered by Drupal

            ပြည်ကုန်စည်ဒိုင်သည် ပြည်မြို့ရှိနေရာဒေသ အချက်အခြာကျသော မြို့တွင်တည်ရှိပြီး အရောင်းအဝယ်ကောင်းမွန်လျက်ရှိပါသည်။

          သင်္ကြန်ကာလမတိုင်မီ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ(ကိုင်းပဲ)တစ်တင်းကို ၉၅၀၀၀ကျပ် (လယ်ပဲ)တစ်တင်းကို ၉၇၅၀၀-၉၉၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝယ်ရှိပါသည်။ သင်္ကြန်ပြီးချိန်တွင် မတ်ပဲဈေးအနည်းငယ်ကျလာပြီး မတ်ပဲ(ကိုင်းပဲ)တစ်တင်းကို ၉၄၀၀၀-၉၅၀၀၀ ကျပ်၊ (လယ်ပဲ)တစ်တင်းကို ၉၆၀၀၀-၉၇၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၇၀၀/၈၀၀ခန့် လှောင်သမားများနှင့် ရန်ကုန်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

            သင်္ကြန်ကာလပြီးချိန်တွင် ပဲစင်းငုံဈေးအနည်းငယ်ကျပြီး ပဲတစ်တင်းကို ၉၃၀၀၀-၉၃၅၀၀ကျပ်ဖြင့် တစ်ရက်ကို အဝင် ၃၀၀-၄၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ သင်္ကြန်မတိုင်မီ ပဲစင်းငုံဈေးမြင့်နေပြီး ပဲတစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် တစ်ရက်ကို အိတ် ၂၅၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။ သင်္ကြန်မတိုင်မီ ပဲစင်းငုံဈေးမြင့်နေပြီး တစ်ရက်ကိုအိတ် ၉၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၂၅၀/၃၀၀ခန့် ရန်ကုန်အဝယ်ရှိပါသည်။

            သင်္ကြန်မတိုင်မီ ကုလားပြ(HL)တစ်တင်းကို ၇၈၀၀၀-၇၉၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၈၈၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများအဝယ်ရှိနေပြီး တစ်ရက်ကိုအိတ် ၄၀၀ခန့် အဝယ်ရှိပါသည်။ သင်္ကြန်ပြီးချိန်တွင် ကုလားပဲဈေးတက်လာပြီး ကုလားပဲ(HL) တစ်တင်းကို ၈၃၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၃၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံအဝယ် တစ်ရက်ကိုအိတ် ၄၀၀ခန့်ရှိပါသည်။

           သင်္ကြန်ကာလမတိုင်ခင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၇၈၀၀၀ကျပ်၊ ပဲကြီး(ကုန်းပဲ) တစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် မြို့တွင်း ပဲကြော်သမားများအဝယ်ရှိပါသည်။ သင်္ကြန်ပြီးချိန်တွင် ပဲဈေးတက်လာပြီး ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၈၂၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၇၇၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်နှင့် လှောင်သမားတစ်ရက်ကိုအိတ် ၅၀၀/၆၀၀ခန့် အဝယ်ရှိပါသည်။

            သင်္ကြန်တိုင်ခင်ဘိုကိတ်ပဲတစ်တင်းကို ၇၃၀၀၀ကျပ်ဖြင့် တစ်ရက်ကိုရန်ကုန်နှင့်မြို့တွင်း အဝယ်တစ်ရက်ကိုအိတ် ၁၅၀/၂၀၀ခန့် အဝယ်ရှိပါသည်။ သင်္ကြန်ပြီးချိန်တွင် ဘိုကိတ်ပဲဈေးကျပြီး တစ်တင်းကို ၇၁၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကိုအိတ ၂၀၀/၃၀၀ခန့်အဝယ်ရှိပါသည်။

          သင်္ကြန်မတိုင်မီ စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၂၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ် တစ်ရက်ကို အိတ် ၅၀/၁၀၀ခန့် အဝယ်ရှိပါသည်။ သင်္ကြန်ပြီးကာလတွင် စာတော်ပဲ(ကျွန်း) ဈေးအေးနေပြီးတစ်တင်းကို ၁၂၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့်မြို့တွင်း အဝယ်ရှိ ပါသည်။

            ပြည်ကုန်စည်ဒိုင်သည် ပဲအရောင်းအဝယ်မှာ သင်္ကြန်ပြီးကာလတွင်သွက်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)