
ပြည်ခရိုင်အတွင်းမတ်လတွင် ဆန်ကွဲကြီး Extra တစ်အိတ်လျှင် (၄၆၀၀၀)ကျပ်၊ ဆန်ကွဲ 234 တစ်အိတ်လျှင် (၄၃၀၀၀)ကျပ်၊ ဆန်ကွဲ 12 တစ်အိတ်လျှင် (၄၅၀၀၀)ကျပ်နှင့်၊ ဖွဲနုတစ်ပေါင်လျှင် (၃၆၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုဧပြီလတွင် ဆန်ကွဲကြီး Extra တစ်အိတ်လျှင် (၄၄၀၀၀)ကျပ်၊ ဆန်ကွဲ 234 တစ်အိတ်လျှင် (၄၂၀၀၀)ကျပ်၊ ဆန်ကွဲ 12 တစ်အိတ်လျှင် (၄၃၀၀၀)ကျပ်နှင့်၊ ဖွဲနုတစ်ပေါင်လျှင် (၃၄၀)ကျပ်ဖြင့်ဈေးအနည်းငယ်ကျခဲ့ပါသည်။
ယခင်နှစ် (၂၀၂၄)ခုနှစ်၊ ဧပြီလတွင် ဆန်ကွဲကြီး Extra တစ်အိတ်လျှင် (၅၃၀၀၀)ကျပ်၊ ဆန်ကွဲ 234 တစ်အိတ်လျှင် (၄၅၀၀၀)ကျပ်၊ ဆန်ကွဲ 12 တစ်အိတ်လျှင် (၅၁၀၀၀)ကျပ်နှင့်၊ ဖွဲနုတစ်ပေါင်လျှင် (၂၃၅)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခုနှစ်ဧပြီလမှာတော့ ဆန်ကွဲဈေးများ ကျဆင်း ခဲ့ပါသည်။ ဖွဲ၊ ဆန်ကွဲဈေးများမှာ အရောင်း အဝယ်အေးနေသည့် အတွက်ကြောင့် လည်းကောင်း၊ အခြားမြို့နယ်များသို့ တင်ပို့ရောင်းချကြသော အိတ်အရေအတွက်မှာ နည်းပါးသွား ခြင်းကြောင့် လည်း ယခုနှစ်တွင် ဆန်ကွဲ၊ ဖွဲဈေးများမှာ ဈေးကျခဲ့ခြင်းဖြစ်ပါသည်။
DOCA(ပဲခူး)