ပြည်ပဲနီပြားသီးနှံဈေးအမြင့်ဖြင့်လက်လီ/လက်ကားရောင်းဝယ်မှုဖြစ်နေ

Powered by Drupal

          ပြည်ဈေးကွက်မှာ ပြည်တွင်း/ပြည်ပဝယ်လိုအားရှိသောပဲများအားလုံးနေ့စဉ်အ‌ရောင်းအဝယ် ဖြစ်လျက်ရှိကြပါသည်။ အဆိုပါပဲများတွင် ပြည်ဈေးကွက်၌ လက်လီ/လက်ကားသမာများဖြင့် ယခုကာလမှာ အရောင်းအဝယ်ဖြစ်နေတဲ့ပဲကတော့ ပဲနီပြားသီးနှံဖြစ်ပြီး တစ်ရက်လျှင် အိတ်(၂၀၀) ကျော် အဝင်ရှိခဲ့သလို ဝယ်လိုအားက လည်းအိတ်ရှိ သလောက် ဝယ်ယူမှုရှိ ကြောင်းသိရပါသည်။ ပဲဈေးမှာ တစ်တင်းလျှင် (၁၄၅၀၀)ကျပ်ဖြင့် ဈေးကွက် အတွင်းဈေးအမြင့့််ဖြင့် ရောင်းဝယ် လျက်ရှိသလို ပြည်ပဝယ်လိုအားရှိသည့် မတ်ပဲ၊ ပဲစဉ်းငုံ သီးနှံများထက်ပင် ဈေးကောင်း ပိုရနေကြောင်း သိရပါသည်။ ယခင်နှစ်ကလည်းသင်္ကြန်ပြီးကာလ ပဲနီပြားသီးနှံဈေးမှာ တစ်တင်း (၁၂၀၀၀၀)ကျပ်၊ ရရှိခဲ့သည့်အတွက် ပဲဈေးကွက်မှာ နှစ်စဉ်လိုလိုဈေးအမြင့်ဖြင့်ရောင်းဝယ်နေသည့် သီးနှံဖြစ်ကြောင်းသိရပါသည်။

DOCA(ပဲခူး)