ပြည်မြို့၏အုန်းသီးဈေးနှုန်းမြင့်တက်

Powered by Drupal

            ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ အုန်းသီးဈေးကွက်တွင် အုန်းသီးရှားပါးမှုကြောင့် ဈေးနှုန်း မြင့်တက်လျက်ရှိပါသည်။ ပြည်မြို့နှင့်ဒေသအနီးတဝိုက်အတွင်း အုန်းသီးထွက်ရှိမှု ရှိသော်လည်း ထွက်ရှိမှုနည်းပါးခြင်း၊ အလုံးမလှခြင်း၊ အုန်းရည်ပါရှိမှုနည်းပါးခြင်းတို့ကြောင့် ဈေးကွက်တွင် ဈေးကွက် တွင်ရောင်းချမှုမတွင်ကျယ်ပဲ မျက်နှာပန်းမလှပေ။ ထို့ကြောင့် ဧရာဝတီတိုင်းရှိဒေးဒရဲ၊ ကျိုက်လတ်၊ မော်ကျွန်းမြို့နယ်များမှ ထွက်ရှိသောအုန်းသီးများကို ရန်ကုန်မှ တစ်ဆင့်မှာယူ ရောင်းချကြ၍ ယခင်နှစ်များထက်ပိုမို၍ မှာယူရောင်းချရမှုများကြောင်း သိရှိရပါသည်။ ရန်ကုန်မှ တစ်ဆင့် ပြည်သို့တင်ပို့၍ သယ်ယူပို့ဆောင်ခအနေဖြင့် အုန်းသီးတစ်လုံး (၃၀၀)ကျပ်၊ အုန်းသီးခြောက်တစ်လုံး (၂၀၀)ကျပ်ဈေးတို့ဖြင့်သယ်ယူရောင်းချကြပါသည်။ ယခုနှစ် အုန်းသီး ဈေးနှုန်းမှာ ယခင်နှစ်အုန်းသီးဈေး နှုန်းနှင့် (၅၀၀)ကျပ်နှင့် (၁၀၀၀)ကျပ်ဈေးသာကွာဟ၍ ယခုနှစ် အုန်းသီးဈေးနှုန်းများမှာ ဆွဲအုန်းတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ သင်္ကြန်ရက်များမှာဆိုလျှင် (၄၅၀၀/ ၅၀၀၀)ကျပ်၊ ပွဲပြင်တစ်လုံး(၂၅၀၀)ကျပ်၊ အုန်းသီးခြောက်တစ်လုံး (၄၂၀၀)ကျပ်၊ အုန်းစိမ်းရည် တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ အလုံးသန့်ချောလျှင် (၃၅၀၀)ကျပ်ဈေးတို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခုတန်ခူးလမှာ သင်္ကြန်တွင်းမုန့်လုပ်သူ၊ အလှူအတန်းပေါ်များခြင်းကြောင့် အုန်းသီး ဈေးနှုန်းကြီးနေသောလည်း မေလကုန်မှစ၍ အုန်းသီးဈေးနှုန်း အနည်းငယ်ပြန်လည် ကျဆင်းလာနိုင်ကြောင်း အုန်းသီးရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ပဲခူး)