ပြည်ပွဲရုံသို့အဝင်များနေသောပြည်မန်ကျည်းမှည့်

Powered by Drupal

           ပြည်မန်ကျည်းမှည့်ပွဲရုံများသို့ ယခုအပတ်မှာ မန်ကျည်းမှည့်အသစ်ဝင်ရောက်မှုမှာ ပြည်ဒေသ အနီးတဝိုက်နှင့် ကျောက်ပန်းတောင်းဘက်မှ ဝင်ရောက်မှုရှိ၍ ဝင်ရောက်မှုများနေကြောင်း သိရပါသည်။ အချို့မန်ကျည်းစိုက် တောင်သူ တို့မှာ ကြိုက်ဈေးမရတာကြောင့် ထုတ်ရောင်းချမှု မရှိသေးပဲ ဈေးကောင်းစောင့်လျက် ရှိနေကြောင်း လည်းသိရပါသည်။ မန်ကျည်းမှည့်ပွဲရုံများမှလည်း ဝင်ရောက်လာသော မန်ကျည်းမှည့်များကိုသာ တစ်ဆင့်ပြန်လည်ရောင်းချမည့် လက်လီသမား များနှင့် နယ်စုံမှဝယ်ယူမှုရှိသဖြင့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျှက်ရှိပါသည်။ ယခုအပတ် ဖြစ်သော ဧပြီလနောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ရောင်းချလျှက်ရှိသော မန်ကျည်းမှည့်ဈေးမှာ တစ်ပိဿာလျှင် (ပွဲရုံဈေး) (၇၀၀၀-၇၅၀၀)ကျပ်ဖြစ်ပြီး၊ လက်လီဈေးမှာတစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်ဈေးဖြင့် ‌ရောင်းချလျက်ရှိသည်။

DOCA(ပဲခူး)