ပြည်နှမ်းဈေးများဈေးကွက်တွင်ဈေးငြိမ်ပြီးပုံမှန်အရောင်းအဝယ်ဖြစ်

Powered by Drupal

            ပြည်ခရိုင်၊ ပြည်မြို့၏ နှမ်းဈေးကွက်မှာ နှမ်းဈေးများယခင်အတိုင်းငြိမ်နေတာတွေ့ရပါသည်။ ပြည်ဈေးကွက်တွင် နှမ်းသီးနှံများထွက်ပေါ်ချိန်တွင်သာ ဈေးကွက်တွင် နှမ်းများရှိပြီး နောက်ပိုင်း အချိန်များတွင် ဝယ်လိုအားကောင်းသဖြင့် လက်ကျန်နှမ်းများရှားပါးသွား၍ ဈေးကွက်တွင် အရောင်း အဝယ်ဖြစ်ရန် ယခင်လှောင်နှမ်းများဖြင့်သာ ပုံမှန်ရောင်းဝယ်လျှက်ရှိကြပါသည်။ နှမ်းဈေးနှုန်းများမှာ နှစ်စမှစ၍ ယခုအချိန်အထိ ဈေးပြောင်းလဲမှုမရှိသော်လည်း အရောင်း အဝယ်ပုံမှန်ဖြစ် လျက်ရှိပါသည်။ နှမ်းဈေးနှုန်းများအနေဖြင့် ဧပြီလနောက်ဆုံးပတ်တွင် နှမ်းနီ တစ်တင်းလျှင် ၁၂၀၀၀၀ကျပ်၊ နှမ်းနက်တစ်တင်းလျှင် ၁၇၀၀၀၀ကျပ် နှင့်စမုံနက်နှမ်းတစ်တင်းလျှင် ၂၀၀၀၀၀ကျပ် ဖြင့် တစ်နေ့လျှင် အိတ် ၅၀/၁၀၀ခန့်သာအရောင်းအဝယ်ဖြစ်သည်ဟုသိရပါသည်။

             ပြည်ခရိုင်အနေဖြင့် နှမ်းထွက်ရှိမှုမှာ အထွက်နှုန်းကောင်းပြီး ခရိုင်အတွင်း အရောင်းအဝယ်ဖြစ်သည့်အပြင် အခြားတိုင်းများမှလည်းဝယ်ယူမှုရှိပါသည်။ နှမ်းနီကိုမြို့တွင်း ဆီစက်သမားများကဝယ်ယူမှုရှိပြီး နှမ်းနက်နှင့်စမုံနက်နှမ်းကို ရန်ကုန်၊ မန္တလေး၊မကွေးဝယ်လက်များက ဝယ်ယူမှု ရှိပါသည်။ နှမ်းဆီဈေးအနေဖြင့်လည်း တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်ဖြင့် အတက်အကျမရှိဘဲ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)