ပြည်ခရိုင်အတွင်းရှိဖရဲသီးဈေးနှုန်းဈေးကွက်

Powered by Drupal

            မြန်မာနိုင်ငံတွင်လည်း ဖရဲသီးများကို ဒေသအနှံ့အပြား၌ စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံတွင် ဖရဲသီးစိုက်ပျိုးသောဒေသများမှာ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့်ဒေသများတွင် စိုက်ပျိုးကြသည်။ ဖရဲသီးသည် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်သော ရာသီစာအသီးတစ်မျိုးဖြစ်ပါသည်။ ဖရဲသီးမှာ ယခင်‌က နွေအခါမှသာပေါ်သော ရာသီစာဖြစ်သော်လည်း ယခုအခါတွင် ရာသီအားလုံး၌ စိုက်ပျိုးကြပါသည်။ ဖရဲသီးတွင် ရေဓာတ်ပေါကြွယ်ဝစွာပါဝင်သောကြောင့် ရေအစားထိုးအနေဖြင့် စားသုံးနိုင် ပြီး အပူကင်းအောင် စားပေးသင့်သော အသီးတစ်မျိုးလည်း ဖြစ်ပါသည်။  ဖရဲသီးများကိုဝယ်ယူရာတွင် အလုံးအကြီး၊ အလတ်၊ အသေးခွဲ၍ ဝယ်ယူရခြင်းများရှိသည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မြို့မစျေး၌ ၂၀၂၅ခုနှစ်၊ ဧပြီလ၊ စတုတ္ထအပတ်တွင် ဖရဲသီးအကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်၊ အလုံးလတ်တစ်လုံးလျှင် (၃၀၀၀)ကျပ်၊ ဖရဲသီးအလုံးသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်ဖြင့်ရောင်းချနေကြောင်း ဖရဲသီးရောင်းချသူများ ထံမှသိရှိရ ပါသည်။

DOCA(ပဲခူး)