ပြည်မြို့၏ပြောင်းဖူးဈေးကွက်

Powered by Drupal

          ပြည်မြို့နယ်အတွင်းရောင်းချနေသောပြောင်းဖူးများကို ပုတီးကုန်း၊ သဲကုန်းမြို့နယ်များမှ ရထား၊ ကားများဖြင့် တင်ပို့ရောင်းချကြပါသည်။ ပြည်မြို့နယ်ရှိ မှော်ဇာကျေးရွာများ၌လည်း အများ ဆုံးစိုက်ပျိုးရောင်းချနေကြောင်း သိရှိရပါသည်။ ရန်ကုန်ဈေးကွက်သို့လည်း တင်ပို့ရောင်းချကြပါသည်။ ပြည်မြို့နယ်အတွင်းရှိ ဈေးကွက်များတွင် ပြောင်းဖူးစိမ်းတစ်ဖူးလျှင် အကြီးအသေးပေါ်မူတည်၍ (၅၀၀-၃၀၀)ကျပ်ဖြင့် ရောင်းချကြပါသည်။ ရန်ကုန်-ပြည် ရထားလမ်း၊ ကားလမ်းတစ်လျှောက်တွင် လည်း ပြောင်းဖူးအပြုတ်၊ ပြောင်းဖူးအဖုတ် များကို တစ်ဖူးလျှင် (၇၀၀-၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)