ပြည်မြို့ရှိစောင်းလျားသီးဈေးနှုန်းဈေးကွက်

Powered by Drupal

            ပြည်မြို့ပေါ်နှင့် အနီးအနားရှိကျေးရွာများတွင် စောင်းလျားပင်များကို တော်တော်များများ တွေ့ရပါသည်။ ကြယ်တာရာ လို့တောင် အမည်ပေးတင်စားထားတဲ့စောင်းလျားသီးဟာ လှီးဖြတ် လိုက်တဲ့အခါမှာ တကယ်လည်း ကြယ်ပွင့်ပုံစံပါပဲ။ အရသာက ချဉ်ပြုံးပြုံးနဲ့ အရည်ရွှမ်းပြီး စားကောင်း တဲ့အသီးတစ်မျိုးပါ။ သွားကျိန်းလို့ မစားရဲကြဘူးဆိုသူတွေတောင် စောင်းလျားသီးယို၊ စောင်းလျား သီးနဲ့ ချဉ်စပ်နှပ်ထားတဲ့ လက်ဖက်တို့ကို စားရင်ပင်ကြွေသွားနိုင်ပါတယ်။ စောင်းလျားသီးမှည့်ပြီဆို ချဉ်ပြုံးပြုံးအရသာလေးမှာ သကြားခတ်ထားသလိုအရသာနဲ့ တကယ်ကိုစားလို့ကောင်းပါတယ်။ စောင်းလျားသီးဈေးနှုန်း အနေဖြင့် တစ်လုံးလျှင် (၂၀၀-၃၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်းလည်း သိရှိရပါသည်။

DOCA(ပဲခူး)