မကွေးမြို့၊ ကန်သာဈေး၌ ခရမ်းချဉ်သီးဈေးနှုန်းမြင့်တက်

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကန်သာဈေး၌ ခရမ်းချဉ်သီးကို မကွေးမြို့ ပတ်ဝန်းကျင်ကျေးရွာများအပြင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှ အဓိကမှာယူရောင်းချကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၃၀၀)ဖြင့် ရောင်းချ လျက်ရှိပြီး (ပထမပတ်)တွင် ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၃၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဧပြီလ(တတိယပတ်)မှ စတင်၍ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ဒေသတွင်း ခရမ်းချဉ်သီးစိုက်ပျိုးထွက်ရှိရာ နေရာများတွင် အထွက်နှုန်းများ ကျဆင်းလာသောကြောင့် ဈေးနှုန်းမှာမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)