အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ဖြစ်ပေါ်နေသော စိန်တစ်လုံးသရက်သီးဈေးနှုန်း

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ စိန်တစ်လုံးသရက် သီးကို မကွေးမြို့၊ မင်းဘူးမြို့အပြင် မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်ရှိ သရက်ခြံ များမှ ၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)မှစတင်၍ ထွက်ပေါ်လျက်ရှိရာ မေလ(ဒုတိယပတ်)တွင် လှိုင်လှိုင်ထွက်ရှိပြီး ဈေးအတွင်းသို့ ဝင်ရောက်မှုများလျက်ရှိကြောင်း သိရသည်။

          မေလ(ဒုတိယပတ်)တွင် စိန်တစ်လုံးသရက်သီး(အလုံးကြီး)(၁)လုံးလျှင် ကျပ်(၆၀၀)၊ အလုံး လတ်(၁)လုံးလျှင် ကျပ်(၄၀၀)နှင့် အလုံးသေး(၁)လုံးလျှင် ကျပ်(၃၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင် သရက်သီးပေါ်စအချိန် ဧပြီလ(စတုတ္ထပတ်)တွင် စိန်တစ်လုံးသရက်သီး(အလုံးကြီး)(၁)လုံးလျှင် ကျပ် (၁၀၀၀)၊ အလုံးလတ်(၁)လုံးလျှင် ကျပ်(၈၀၀)နှင့် အလုံးသေး(၁)လုံးလျှင် ကျပ်(၄၀၀)ဖြင့် ရောင်းချ လျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် အလုံးကြီးနှင့် အလုံးလတ်(၁)လုံးလျှင် ကျပ် (၄၀၀)နှင့် အလုံးသေး(၁)လုံးလျှင် ကျပ်(၁၀၀)ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။ ယခု အချိန်တွင် မကွေး၊ မင်းဘူးမြို့တို့မှ စိန်တစ်လုံးသရက်သီးဝင်ရောက်မှုများသည့်အပြင် ဒေသတွင်း သရက်ခြံများတွင်လည်း အထွက်နှုန်းများလျက်ရှိသောကြောင့် ဈေးနှုန်းများမှာ ကျဆင်းလာရခြင်း ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)