ပခုက္ကူမြို့၊ မေလ(ဒုတိယပတ်)တွင် ဖြစ်ပေါ်နေသော ထောပတ်ပဲဖြူဈေးနှုန်းဈေးကွက်

Powered by Drupal

         မကွေးတိုင်းဒေသကြီ၊ ပခုက္ကူခရိုင်အတွင်းထောပတ်ပဲ စိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူ ကျွန်း၊  ရေစကြိုကျွန်းနယ်များ၊ မြင်းကျွန်း၊ လေးလံကျွန်းနှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ထီးလင်း၊ ဆော၊ ကျောက်ထု၊ မောက်၊ ကျွဲနန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၅ခုနှစ်၊ ဖေဖေါ်ဝါရီလ (စတုတ္ထပတ်)မှစ၍ ထောပတ်ပဲများ စတင်ရိတ်သိမ်းကြပါသည်။ ပခုက္ကူကုန်စည်ဒိုင်သို့ ထောပတ်ပဲ ဖြူများ အခြားမြို့နယ်များမှလည်းဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်ပွဲစား များထံမှ သိရှိရသည်။

        ၂၀၂၅ခုနှစ်၊ ဖေဖေါ်ဝါရီလ(စတုတ္ထပတ်)မှစ၍  ပခုက္ကူကုန်စည်ဒိုင်သာမက မြို့ပေါ်ရှိ ပွဲရုံ များသို့လည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မေလ(ဒုတိယပတ်)တွင် ထောပတ် ပဲဖြူ(ယော)တစ်တင်းလျှင် ကျပ်(၉၁၀၀၀)၊ ထောပတ်ပဲဖြူ(ကျွန်)တစ်တင်းလျှင် ကျပ်(၇၈၀၀၀) ဖြစ်ခဲ့ပြီး ယခင်မေလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါကတစ်တင်းလျှင် ကျပ်(၃၀၀၀)ခန့် ဈေးကျ ပြီး အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ (၃၀၀)မှ(၅၀၀)ထိ ဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)