
ရွှေဘိုခရိုင်အတွင်းတွင် မေလ ဒုတိယပတ်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်း ဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ ပထမပတ်တွင် ရန်ကုန်သို့ (၁၀၁၂၇၅)အိတ်၊ မန္တလေးသို့ (၃၇၃၇၃) အိတ်၊နေပြည်တော် သို့ (၃၈၅)အိတ်၊ပဲခူးတိုင်းသို့ (၈၇၁၀)အိတ်၊ ဧရာဝတီ တိုင်းသို့ (၄၄၀)အိတ်၊ မကွေးတိုင်းသို့ (၈၄၀)အိတ်၊ ရှမ်း(တောင်)သို့ (၂၆၁၉၄)အိတ်၊ ကချင်ပြည်နယ်သို့ (၄၅၃၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၈၄၅၀)အိတ်၊ ကရင်ပြည်နယ်သို့ (၃၀၅၀)အိတ်၊ မူဆယ်သို့ (၁၁၁၀)အိတ်၊မြိတ်/ထားဝယ်သို့ (၅၀)အိတ် စုစုပေါင်း အိတ်ရေ ၂၀၂၄၀၇ တန်အားဖြင့် ၁၀၁၂၀တန် စီးထွက်ခဲ့ပါသည်။
ယခု မေလ ဒုတိယပတ်တွင် ရန်ကုန်သို့ (၉၃၈၂၀)အိတ်၊ မန္တလေးသို့ (၄၂၀၈၅) အိတ်၊နေပြည်တော်သို့ (၁၈၉၈)အိတ်၊ပဲခူးတိုင်းသို့ (၁၂၆၆၅)အိတ်၊ ဧရာဝတီတိုင်းသို့ (2၈၅) အိတ်၊ မကွေးတိုင်းသို့ (၃၀၆၅)အိတ်၊ ရှမ်း(တောင်)သို့ (၂၉၃၈၉)အိတ်၊ ကချင်ပြည်နယ်သို့ (၄၁၉၀)အိတ်၊ မွန်ပြည်နယ်သို့ (၁၇၈၄၀)အိတ်၊ ကရင်ပြည်နယ်သို့ (၁၉၆၅) အိတ်၊ မူဆယ်သို့ (၁၈၇၀)အိတ်၊ မြိတ်/ထားဝယ်သို့ (၂၃၀)အိတ်၊ကယားပြည်နယ်သို့ (၁၂၀)အိတ်၊ စုစုပေါင်း အိတ်ရေ ၂၀၉၄၂၂ တန် အားဖြင့် ၁၀၄၇၁တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ ၇၀၁၅၊ တန်အားဖြင့် ၃၅၀တန် ပို၍ စီးထွက် ခဲ့ပါသည်။
ရွှေဘိုမြို့၏ မေလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန် ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း၁၀၀လျင် ကျပ် ၄၂၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၄၅၀၀၀ ၊ ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2400000၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျင် ကျပ်၁၂၀၀၀၀ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)