မုံရွာမြို့ပေါ်၌ ဖြစ်ပေါ်နေသော ဖရဲသီးဈေးနှုန်းများ

Powered by Drupal

         မုံရွာမြို့၊ ကျောက္ကာလမ်းဘေးဆိုင်များတွင် ရာသီစာဖရဲသီးများကို မန္တလေးမြို့၊ ချောင်းဦးနှင့်  ပြင်ဦးလွင်မြို့ပေါ်ရှိ သစ်သီးပွဲရုံများမှ မှာယူ၍ ပြန်လည်ရောင်းချကြောင်း သိရသည်။                

          ဖရဲသီးအသေးတစ်လုံးလျှင် (၆၀၀၀) ကျပ်၊ အကြီးတစ်လုံးလျှင် (၆၅၀၀) ကျပ်ဖြင့် ရောင်းချကြောင်း ဖရဲသီးဆိုင်မှ သိရှိရပါသည်။ ဖရဲသီးသည် အရည်ရွှမ်းပြီး ချိုသောကြောင့်   သရေစာအဖြစ်လည်းကောင်း၊  အဖျော်ရည်ဆိုင်များမှလည်း  ဖရဲသီးဖျော်ရည် ပြုလုပ်၍လည်းကောင်း၊ ဖရဲသီးကိုစိပ်၍သော်လည်း၊ စားသုံးကြပါသည်။  ဖရဲသီးတွင် ရေဓာတ် အများဆုံးပါဝင်သောကြောင့် နွေရာသီအတွက်အကောင်းဆုံး စားစရာသစ်သီး တစ်မျိုးလဲ ဖြစ်ပါသည်။ ရာသီပေါ်ချိန်ဖြစ်၍ ပေါပေါများများ ဝယ်ယူစားသောက်ကြကြောင်းလဲ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)