
၂၀၂၅ခုနှစ် မေလ ဒုတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၆၇၀၀)ကျပ်၊ရွှေဘိုပေါ်ဆန်း(သစ်) တစ်ပြည် (၆၁၀၀)ကျပ်၊ ဧရာမင်းဆန် တစ်ပြည်လျှင် (၅၆၀၀)ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည်လျှင် (၅၀၀၀)ကျပ်၊ ရွှေဝါထွန်း တစ်ပြည် (၄၂၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။
စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၈၀၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ နေကြာဆီ တစ်ပိဿာလျှင် ၁၄၅၀၀ကျပ်ဖြင့် အရောင်း အဝယ် ဖြစ်နေကြောင်း သိရသည်။
ကြက်သွန်နီ တစ်ပိဿာလျင် ၁၈၀၀ကျပ်မှ ၂၅၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၇၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၁၅၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ကြက်သွန်ဖြူ(အသစ်) (ဗမာ) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်မှ ၁၂၀၀၀)ကျပ်၊ ချင်းတစ်ပိဿာ ၆၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၄၀၀၀ကျပ် မှ ၁၆၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၆၅၀၀ကျပ်မှ ၇၂၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။
ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၅၅၀ကျပ်၊ (သေး) တစ်လုံး ၄၈၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၆၀၀)ကျပ်၊ (သေး)တစ်လုံး (၅၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ) ဒေသကြက်တစ်ပိဿာ ၃၀၀၀၀ ကျပ်မှ ၃၂၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၃၆၀၀၀ကျပ်မှ ၄၄၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၂၄၀၀၀ကျပ်မှ ၂၈၀၀၀ကျပ်ထိ၊ဆိတ်သား တစ်ပိဿာလျှင် ၃၆၀၀၀ကျပ်မှ ၄၀၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၅၀၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၃၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။
DOCA(စစ်ကိုင်း)