
ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိရာမှ စားဖိုဆောင်သီးနှံများကို ရာသီ အလိုက်စိုက်ပျိုးကြပြီး မိမိတို့မိသားစု စားသုံးပြီး ပိုလျှံမှုများကို ကျွန်းလှမြို့ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိရာ ယခင်ကဈေးနှုန်း ချိုသာခဲ့သော်လည်း ယခုအခါတွင် မိမိတို့ ကျွန်းလှမြို့နယ် သံဘို ကျေးရွာ၊ ရှမ်းစုကျေးရွာ တို့မှထွက်ရှိသည့် ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်မှု နည်းပါးလာသည့်အတွက် မန္တလေးမြို့နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်၊ ယခု မေလ တတိယအပတ်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချလျက် ရှိသည့် ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ထိုင်ဝမ် ခရမ်းချဉ်သီး အလုံး အကြီး/အသေးပေါ် မူတည်၍ တစ်ပိဿာလျှင်(၁၅၀၀/၁၆၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)