
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ခရေပန်း၊ စကားဝါပန်း၊ မေမြို့ပန်း (အက်စတာ)၊ ကျောက်စိမ်းပန်း မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေအခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။ မိမိတို့ ဗုဒ္ဓဘာသာ လူမျိုးများအတွက် ဘုရားပန်းသည်လည်း မိမိတို့ ကိုးကွယ်ယုံကြည်အားထားရာဖြစ်သည့် ဘုရားစင်ပေါ်တွင် ကုသိုလ်ယူရန် နေ့စဉ်ကပ်လှူ ပူဇော်ရသည့်အတွက် မရှိမဖြစ်သော အရာတစ်မျိုးလည်းဖြစ်ပါသည်။
၂၀၂၅ ခုနှစ်၊ မေလ(တတိယပတ်)တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ စကားဝါပန်း(၃)ကုံးလျှင်လျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း မျိုးစုံရောင်းချနေသော ပန်းသည်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)