လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်ဥ/ ဘဲဥ လက်လီ/ လက်ကား အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ကြက်ဥကို ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေး ဒေသမှ ဝင်ရောက်လျက်ပြီး ဒေသအတွင်းရှိ လောပိတမြို့တို့ဘက်ဘက်မှလည်းတွင် အနည်းငယ် ထွက်ရှိပါသည်။ကြက်ဥ ဈေးနှုန်းများမှာ ဧပြီလ ဒုတိယပတ်မှစ၍ ကြက်ဥ(အကြီး) တစ်လုံးလျှင် ၄၅၀/ကျပ်၊ ကြက်ဥ (အလတ်)တစ်လုံးလျှင် ၄၃၀/ကျပ်၊ကြက်ဥ (အသေး)ဥစမ်း တစ်လုံးလျှင် ၃၈၀/ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခု မေလတွင် ဖြစ်ပေါ်နေသော ကြက်ဥဈေးနှုန်းမှာ အလုံးကြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ အလုံးလတ် တစ်လုံး လျှင် (၄၈၀) ဥစမ်းတစ်လုံးလျှင် (၄၀၀)ကျပ်ဖြင့်ရောင်းချလျက်ပြီး ဈေးအနည်းငယ်တက်လျက်ရှိပါသည်။
ဘဲဥဈေးကွက်ရောင်းချမှုအနေဖြင့် ဘဲဥ(အကြီး)တစ်လုံးလျှင် (၆၀၀/ ၇၀၀) ကျပ်ဖြင့် ရောင်းချ လျက်ရှိပြီးဈေးနှုန်းမှာတည်ငြိမ်လျက်ရှိပြီးငုံးဥ(၁၀)လုံးလျှင်(၁၇၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်အရောင်း အဝယ်ရှိနေကြောင်း သိရှိရပါသည်။
DOCA(ကယား)