မင်းဘူးမြို့မဈေး၌ ကြက်သွန်ဖြူဈေးနှုန်းမြင့်တက်

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ မြို့မဈေး၌ ကြက်သွန်ဖြူ(ရှမ်း)ကိုရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် ကြက်သွန်ဖြူ(ဗမာ)ကို မန္တလေးမြို့တို့မှ မှာယူရောင်းချကြောင်း သိရ သည်။

  ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)နှင့် ကြက်သွန်ဖြူ(ဗမာ)အသေးအကြီး(၁)ပိဿာလျှင် ကျပ်(၇၀၀၀-၁၁၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ပထမပတ်)တွင် ကြက်သွန်ဖြူ(ရှမ်း)(၁)ပိဿာလျှင် ကျပ်(၁၃၅၀၀)နှင့် ကြက်သွန်ဖြူ(ဗမာ) အသေးအကြီး(၁)ပိဿာလျှင် ကျပ်(၆၅၀၀-၁၀၅၀၀)ဈေးနှုန်းဖြင့်ရောင်းချလျက်ရှိရာ ‌ဈေးနှုန်း နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကြက်သွန်ဖြူ(ရှမ်း) ကျပ်(၅၀၀)၊ ကြက်သွန်ဖြူ(ဗမာ) ကျပ်(၃၀၀-၅၀၀)ခန့် ဈေးနှုန်းအနည်းငယ်မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ သယ်ယူစရိတ် မြင့်မား၍ ကြက်သွန်ဖြူဈေးနှုန်းမှာ မြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)