
ကရင်ပြည်နယ်၊ ဘားအံမြို့ရှိကျေးရွာများတွင် ဒေသခံတောင်သူများသည် ဒန့်သလွန်သီးပင် များကို စားသုံးသီးနှံအဖြစ် အိမ်ခြံဝန်းထဲတွင် တနိုင်စိုက်ပျိုးထားကြသည်။ ဒန့်သလွန်သီးများကို ဒေသခံ တောင်သူများက အပိုဝင်ငွေရရှိရန်အတွက် ဘားအံမြို့ပေါ်ဈေးများတို့ လာရောက်ရောင်းချကြသည်။ ဒန့်သလွန်သီးကို ငါးရံ၊ငါးခြောက်တို့နှင့်ချက်စားနိုင်တလို ဟင်းရောဟင်းချက်ရာတွင်လည်း ထဲ့ချက် စားသုံးကြသည်။ ဒန့်သလွန်ပင်သည် ပစ်စရာမရှိအောင်တစ်ပင်လုံး လူတို့၏ကျန်းမာရေးကို ကောင်း ကျိုးပြုသည့်အတွက် စားသုံးသင့်သော သီးနှံတစ်မျိုးဖြစ်ပါသည်။ ဒန့်သလွန်သီးဈေးနှုန်းများမှာ ဒန့်သလွန်သီး တစ်တောင့်လျှင် (၃၀၀)ကျပ်၊ ၁၀တောင့် တစ်စည်းလျှင် (၃၀၀၀)ကျပ်၊ ၁၀၀ပါ တစ်စည်းလျှင် (၁၅,၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)