ဘားအံမြို့ ရေပေါ်ဈေးတွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

     ဘားအံမြို့၊ ရေပေါ်ဈေးတွင် ရောင်းချနေသော သစ်သီးဝလံများမှာ ရှမ်းပြည်နယ်တောင်ကြီးမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် မြဝတီမြို့ရှိ သစ်သီးဝလံပွဲရုံများမှ အသီးသီးဝင်ရောက် လျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ခုနှစ်၊ မေလ ဒုတိယအပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်း များမှာ ပန်းသီး တစ်လုံးလျှင် (၁,၀၀၀/၁,၅၀၀) ကျပ်၊ မာလကာသီး တစ်လုံးလျှင် (၅၀၀/၈၀၀)ကျပ်၊ ဆန်းကစ် တစ်လုံးလျှင် (၁,၈၀၀)ကျပ်၊ လန်းပြားသီး  ၁ဗူး လျှင် (၁,၀၀၀)ကျပ်၊ ထောပတ်သီး တစ်ကီလို လျှင် (၅,၅၀၀)ကျပ်၊ ပန်းသစ်တော်သီး တစ်လုံးလျှင် (၂,၇၀၀)ကျပ်၊ လိမ္မော်သီး တစ်ကီလိုလျှင် (၈,၀၀၀) ကျပ်၊ စပျစ်သီး တစ်ကီလိုလျှင် (၃,၀၀၀)ကျပ်၊ ကြက်မောက်သီး တစ်ကီလိုလျှင် (၉,၀၀၀) ကျပ်၊‌ ရေငံသီး တစ်ကီလိုလျှင် (၁၀,၀၀၀)ကျပ်၊ နဂါးမောက်သီး တစ်လုံးလျှင် (၂,၅၀၀/၃,၀၀၀)ကျပ်၊ သရက်သီး တစ်လုံးလျှင် (၂,၅၀၀/၃,၀၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဘားအံမြို့၊ ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များထံမှ သိရှိရပါသည်။

DOCA(ကရင်)