
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးတွင် (၁၃.၅.၂၀၂၅) တွင် ဝင်ရောက်ခဲ့သော ရေချိုငါးများမှာ ငါးမြစ်ချင်း တစ်ပိဿာ အနိမ့်ဆုံး ၇၀၀၀ မှ အမြင့်ဆုံး ၁၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၉၀၀၀ မှ ၁၃၀၀၀ ကျပ်၊ ငါးသလောက် တစ်ပိဿာ ၁၈၀၀၀ မှ ၈၀၀၀၀ ကျပ်၊ ငါးခေါင်းပွ တစ်ပိဿာ ၇၀၀၀ မှ ၁၆၀၀၀ ကျပ်၊ ငါးဘတ် တစ်ပိဿာ ၁၈၀၀၀ မှ ၃၀၀၀၀ ကျပ်၊ ကကတစ် တစ်ပိဿာ ၁၃၀၀၀ မှ ၂၂၀၀၀ ကျပ်၊ ငါးနုသန်း တစ်ပိဿာ ၁၂၀၀၀ မှ ၂၃၀၀၀ ကျပ်၊ ငါးခူ တစ်ပိဿာ ၁၃၀၀၀ မှ ၁၇၀၀၀ ကျပ်၊ ငါးကျည်း တစ်ပိဿာ ၁၃၅၀၀ မှ ၁၈၀၀၀ ကျပ်၊ ငါးဖီးမ တစ်ပိဿာ ၄၀၀၀ မှ ၇၅၀၀ ကျပ်၊ ငါးမုတ် တစ်ပိဿာ ၆၀၀၀ မှ ၈၀၀၀ ကျပ်၊ ငါးတန်(မြစ်) တစ်ပိဿာ ၁၄၀၀၀ မှ ၂၃၀၀၀ ကျပ်၊ ငါးတန်(မွေး) တစ်ပိဿာ ၅၀၀၀ မှ ၈၅၀၀ ကျပ်၊ ငါးခုံးမ တစ်ပိဿာ ၄၀၀၀ မှ ၈၀၀၀ ကျပ်၊ ငါးရံ့ တစ်ပိဿာ ၁၂၀၀၀ မှ ၂၇၀၀၀ ကျပ်၊ ငါးပုတ်သင် တစ်ပိဿာ ၈၀၀၀ မှ ၁၇၀၀၀ ကျပ်၊ ငါးပုဏ္ဏား တစ်ပိဿာ ၁၃၀၀၀ မှ ၂၃၀၀၀ ကျပ်၊ ပုဇွန်(ကျော့) တစ်ပိဿာ ၁၃၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ပုဇွန် တစ်ပိဿာ ၁၆၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ငါးမျက်ကြယ် တစ်ပိဿာ ၆၀၀၀ မှ ၈၀၀၀ ကျပ်၊ ပီဇာ တစ်ပိဿာ ၅၀၀၀ မှ ၇၀၀၀ ကျပ်၊ ငါးနှပ်(အာပြဲခြောက်) တစ်ပိဿာ ၃၅၀၀ မှ ၅၀၀၀ ကျပ်၊ ကင်းမွန် တစ်ပိဿာ ၁၈၀၀၀ မှ ၄၅၀၀၀ ကျပ်၊ ပလာတူး တစ်ပိဿာ ၇၀၀၀ မှ ၈၀၀၀ ကျပ်၊ ရွှေငါး တစ်ပိသာ ၆၀၀၀ မှ ၉၀၀၀ ကျပ်၊ ပြည်ကြီးငါး တစ်ပိဿာ ၂၃၀၀၀ မှ ၄၀၀၀၀ ကျပ်တို့ရှိကြောင်း ရွှေပိတောက် ငါးဈေးထံမှ စုံစမ်းသိရှိရပါသည်။
DOCA (ရန်ကုန်)