ထားဝယ်မြို့တွင် စီပီကြက်သားစျေးနှုန်း

Powered by Drupal

     ထားဝယ်မြို့ စည်ပင်သာယာစျေးရှိ အသားငါးဆိုင်များ၌ အိမ်မွေးကြက်သားမှာ ယခင် ဧပြီလတွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ဖြင့် စျေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။ စီပီကြက်မှာ ယခု မေလ ဒုတိယပတ်တွင် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ် အထိစျေးအနည်းငယ် တက်လာကြောင်း သိရှိရပါသည်။ဝက်သားစျေးနှုန်းမှာတစ်ပိဿာလျှင် ၃၂၀၀၀ကျပ် ဖြင့် စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း စည်ပင်သာယာစျေးအတွင်းရှိ အသား/ငါးဆိုင်မှ သိရှိရပါသည်။

DOCA(တနင်္သာရီ)