
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး မတ်လကုန် ဧပြီလဆန်းမှစတင်၍ မိုးပဲတီစိမ်းများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း ၊ အများဆုံး စိုက်ပျိုးသောမျိုးများမှာ ပဲတီစိမ်း ကျောက်စိမ်းမျိုး ၊ ရေဆင်း-၁၁ မျိုးများကို အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ပဲတီစိမ်းစိုက်ပျိုးမှုတွင် ဘောင်စိုက်စနစ်ဖြင့်စိုက်ပျိုးကြကြောင်း ၊ (၁)ဧက စိုက်ပျိုးမှုအနေ ဖြင့် မျိုး(၅/၆)ပြည်ခန့် ကုန်ကျကြောင်း ၊ မျိုး(၁)ပြည် ဈေးနှုန်းမှာ(၃၂၀၀)ကျပ်ခန့်ဖြစ်ပြီး၊ (၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားအပါအဝင်( ၃၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ မိုးပဲတီစိမ်းထွက်ရှိမှုအနေဖြင့် ဇွန်လနှင့်ဇူလိုင်လများတွင် စတင်ထွက်ရှိမှာဖြစ်ကြောင်း၊ အထွက်နှုန်း အနေဖြင့်ခန့်မှန်း(၁၀/၁၁)တင်းခန့် ထွက်ရှိနိုင်ကြောင်း ၊ ပဲတီစိမ်းသီးနှံကို ခရိုင်အတွင်းရှိ မြို့နယ်များ အားလုံးစိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ယခင်နှစ် ပဲတီစိမ်း(၁)တင်း လျှင် (၄၀၀၀၀ ) ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး ယခုလက်ရှိ ပဲတီစိမ်း(၁)တင်းလျှင်( ၅၀၀၀၀) ကျပ် ခန့်ဖြင့်ရောင်းဝယ် လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူများမှ ပဲတီစိမ်းထွက်ပေါ်ချိန်တွင် နီးစပ်ရာမြို့ပေါ် ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ ပဲတီစိမ်းထွက်ပေါ်ချိန်တွင်လည်း ဈေးနှုန်းများ ကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ဖြစ်ထွန်းမည်ဖြစ်ကြောင်း ဝယ်လိုအားရှိသော ပဲတီစိမ်းသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)