
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုး ရောင်းချသည့်အနက် တောကြက်ဟင်းခါးသီးကိုလည်း ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှ မြို့နယ် အတွင်းရှိကျေးရွာများမှ တောကြက်ဟင်းခါးသီးကို စင်ထိုးပြီး စိုက်ပျိုးခြင်း၊ ခြံစည်းရိုးပေါ်တင် စိုက်ပျိုးကြပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်း သို့ လာရောက်ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ယခု မေလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး အတွင်း ရောင်းချလျက်ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည် လျှင်(၂၀၀၀)ကျပ်၊ တောကြက် ဟင်းခါးသီး နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင် (၅၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)