
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး ကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခါကြက်ဥ (ဗမာ)မျိုးကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချလျက်ရှိကြောင်းသိရသည်။
ခါကြက်ဥများကို ခါကြက်ဥ(တရုတ်)နှင့် ခါကြက်ဥ(ဗမာ)ဟူ၍ ခါကြက်ဥ (၂)မျိုးရောင်းချလျက်ရှိရာ ယခုအချိန်တွင် ဒေသတွင်း ထွက်ရှိသည့် ခါကြက်ဥ(ဗမာ)ဥများကို ဝယ်ယူရောင်းချလျက်ရှိပြီး ရှားပါးသည့် အချိန်တွင် တရုတ် ခါကြက်ဥကို မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှ ဝယ်ယူရောင်းချလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ်နေသော ခါကြက်ဥ ဈေးနှုန်းမှာ ခါကြက်ဥ(ဗမာ)ဥကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် ၂၅ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)ဥအသေး တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)