ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ဈေးကွက်အတွင်းမှ ငရုပ်သီးစိမ်း ဈေးနှုန်း အခြေအနေ

Powered by Drupal

  ကျွန်းလှမြို့တွင် ရာသီအလိုက် ကုန်စိမ်းသီးနှံများအား ရောင်းချလျက်ရှိကာ နေရာဒေသမရွေးကနေ ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှစ၍ မှာယူရောင်းချလျက်ရှိကြောင်းသိရပါသည်။

  ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးအတွင်း၌ ငရုပ် သီးစိမ်း၏ ဈေးနှုန်း/ဈေးကွက် အနေဖြင့် မိုးထော်ငရုပ် (ကျောက်စိမ်းသီး) တစ်ပိဿာလျှင်(၂၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၃၀၀)ကျပ်နှင့်၂၅ကျပ်သားလျှင်(၈၀၀)ကျပ်၊ ကုလားအော်ငရုပ်သီးစိမ်း တစ်ပြည် လျှင်(၁၂၀၀၀)ကျပ် နို့ဆီတစ်ဘူးလျှင်(၁၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိပါသည်။

DOCA(စစ်ကိုင်း)