မန္တလေးထောပတ်ပဲစျေးကွက်

Powered by Drupal

    ပြည်တွင်းစားသုံးမှုနှင့်ပြည်ပတင်ပို့သည့်ထောပတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အများအပြားဝင်ရောက်လျက်ရှိကြောင်း သိရပါတယ်။မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄-၂၀၂၅ ခုနှစ် ထောပတ်ပဲသီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊အထွက်နှုန်း(၆.၅၁)တင်း နှင့်အထွက် (၁၅၅၂၇၁) တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ထောပတ်ပဲ(ကြီး)(သစ်) ၃၀၅၀၀၀ ကျပ် နှင့် ၃၁၀၀၀၀ ကျပ်၊ ထောပတ်ပဲ(လတ်) ၂၈၀၀၀၀ ကျပ်နှင့် ၂၉၅၀၀၀ကျပ်၊ထောပတ်ပဲ(သေး)၂၈၀၀၀၀ကျပ်နှင့် ၂၈၅၀၀၀ ကျပ်၊ တစ်ပိဿာ စျေးမှာ ထောပတ်ပဲ(ကြီး)(သစ်) ၅၄၂၂ကျပ် နှင့်၅၅၁၁ ကျပ်၊ထောပတ်ပဲ(လတ်) ၄၉၈၇ ကျပ်နှင့် ၅၂၄၄ ကျပ်၊ ထောပတ်ပဲ(သေး) ၄၉၇၈ကျပ်နှင့်၅၀၆၇ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ် ကာလတူတစ်ပိဿာစျေးမှာ ထောပတ်ပဲ(ကြီး) ၆၅၇၈ကျပ်နှင့် ၆၇၅၆ကျပ်၊ထောပတ်ပဲ(လတ်) ၆၃၁၁ကျပ်နှင့်၆၄၀၀ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ထောပတ်ပဲစျေးမှာ လျော့နည်းသွားကြောင်း သိရပါတယ်။ ထောပတ်ပဲဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက် ပေါက်စျေး အနည်းငယ် ပြောင်းလဲမှုရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)