“မန်ကျည်းရွက်များ ဈေးကောင်းရရှိ”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် အညာဒေသဖြစ်သည့်အတွက် အညာ ဒေသထွက်အစားအစာများ ထွက်ပေါ်လျက်ရှိပါသည် ။ ဧပြီလဆန်းမှ စတင်၍ မန်ကျည်းရွက်နုများ စတင်ထွက်ပေါ်လျက်ရှိပါသည်။ အညာဒေသတွင် မန်ကျည်းပင်များကို အရိပ်ရရန်အတွက် စိုက်ပျိုး ထားကြပြီး မန်ကျည်းပင်မှ  မန်ကျည်းရွက်နုများနှင့် မန်ကျည်းသီးများကိုလည်း စားသုံးရကြောင်း၊ မန်ကျည်းရွက်နုများကိုခူး၍ မြို့ပေါ်ဈေးများသို့ တင်ပို့ရောင်းချကြောင်း ၊ မန်ကျည်းရွက်နု တစ်ပိဿာကို လက်ကားဈေး(၁၅၀၀၀)ကျပ်ဖြင့် ရောင်းချပေးပြီး လက်လီဈေးအနေဖြင့် မန်ကျည်း ရွက်နုတစ်ဆယ်ကျပ်သားလျှင်(၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မန်ကျည်းရွက်နု ရောင်းချ သူများအဆင်ပြေလျက်ရှိကြောင်း ၊ မန်ကျည်းရွက်ကို ပဲဟင်းချိုနှင့်တွဲ၍ အသုပ်အဖြစ် စားသုံးကြ သလို၊ ချဉ်ရည်ဟင်းနှင့် မန်ကျည်းရွက်များကိုလည်း‌ထောင်း၍ စားသုံးကြပါသည်။ မန်ကျည်းရွက် စားသုံးခြင်းဖြင့် အင်ဆူလင်ဓာတ်ကို လျော့ကြစေကြောင်း၊ ဗီတာမင်စီပါဝင်သောကြောင့် ခန္ဓာကိုယ် ရဲ့ခုခံစွမ်းအားကိုကောင်းမွန်စေသောကြောင့် မန်ကျည်းရွက်ကို စားသုံးပေးသင့်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။

DOCA(မန္တလေး)