အစေ့ထုတ်ပြောင်းစျေးနှုန်းစျေးကွက်

Powered by Drupal

    မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်သို့    ရှမ်းပြည်နယ်မှ အများအပြား ဝင်ရောက်လျက်ရှိပြီး၊မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှလည်း ဝင်ရောက်လျက်ရှိကြောင်း သိ ရပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂ ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက်နှုန်း   ၄၉.၅၅   တင်း၊ အထွက်တင်း    စုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်း သိရပါတယ်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်မေလဒုတိယပတ်အတွင်းဖြစ်ပေါ်သည့်အစေ့ ထုတ်ပြောင်းစျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင် ပြောင်းဖူးစေ့(ဗမာ)၈၁၀၀၀ကျပ်နှင့် ၈၂၀၀၀ကျပ်၊ပြောင်းဖူးစေ့(ရှမ်း)  ၈၃၀၀၀ ကျပ်နှင့်၈၄၀၀၀ ကျပ်၊ပြောင်းဖူးစေ့(စီပီ) ၈၄၀၀၀ကျပ်နှင့် ၈၅၀၀၀ကျပ်၊တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ဗမာ) ၁၅၀၀ ကျပ်နှင့် ၁၅၁၉ ကျပ်၊ပြောင်းဖူးစေ့ (ရှမ်း)၁၅၃၇ကျပ်နှင့် ၁၅၅၆ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၅၅၆ကျပ်နှင့် ၁၅၇၄ကျပ်စျေးတို့ဖြစ်ကြောင်း  သိရပါတယ်။ ယခင်နှစ်ကာလ တူတစ်ပိဿာစျေးမှာ ပြောင်းဖူးစေ့(ဗမာ) ၉၃၃ကျပ်နှင့် ၉၄၂ကျပ်၊ပြောင်းဖူးစေ့(ရှမ်း) ၁၀၀၀ ကျပ် နှင့်၁၀၀၉ ကျပ်၊ ပြောင်းဖူးစေ့(စီပီ) ၁၀၀၀ကျပ်နှင့် ၁၀၀၉ ကျပ်တို့ ဖြစ်ကြောင်း သိရပါတယ်။ယခု နှစ်စေျးနှင့် ယခင်နှစ်စျေးနှိုင်းယှဉ်ပါက  တစ်ပိဿာလျှင် ၅၀၀ ကျပ်အထက် စျေးပိုမိုရရှိကြောင်း သိရပါတယ်။ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင်သုံးစွဲမှုများပြား ခြင်း၊ ပြည်ပတင်ပို့ ခြင်းတို့ကြောင့် မန္တလေးစျေးကွက်တွင် အရောင်းသွက်သည့် ကုန်စည်ဖြစ် ကြောင်း သိရပါတယ်။

DOCA(မန္တလေး)