
ကျောက်ဆည်ခရိုင် ၊ ကျောက်ဆည်မြို့နယ်သည် စပါး ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံစိုက် ပျိုးသည့်အပြင် စားဖိုဆောင်သီးနှံများကိုလည်း မိသားစု အပိုဝင်ငွေရရှိရေးအတွက် ရာသီအလိုက် စိုက်ပျိုးကြပါသည် ။ ပဲကြီးသီးနှံကို ယခင်က လယ်ကန်သင်းရိုး နှင့် မြောင်းဘောင်များတွင်သာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခဲ့ကြပြီး ယခုအချိန်တွင် ယာမြေနှင့်လယ်မြေများတွင် အများအပြား စိုက်ပျိုး လာကြကြောင်း၊ကျောက်ဆည်မြို့နယ်တွင် ပဲကြီးစိုက်ဧက(၁၂၅၀)ဧကခန့် စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည် ။ ပဲကြီးသီးနှံကို နှစ်စဉ် အောက်တိုဘာလတွင် စတင်စိုက်ပျိုးကြပြီး ဖေဖော်ဝါရီ နှင့် မတ်လတို့တွင် စတင်ရိတ်သိမ်းခဲ့ပြီး တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ ထွန်ယက်ခ၊ သွင်းအားစု၊ လုပ်သားခ စုစုပေါင်း(၁၅၀၀၀၀)ကျပ် ခန့်ကုန်ကျကြောင်း၊ပဲကြီး(၁)ဧကလျှင်ပဲကြီးအခြောက်(၁၀)တင်းခန့်ထွက်ရှိကြောင်း၊ပဲကြီးအခြောက် ဈေးနှုန်းမှာ ယခင်နှစ်တွင် (၁)တင်းလျှင်(၁၁၀၀၀၀)ကျပ်ခန့်ရှိပြီး ယခုအချိန်တွင် လက်ရှိဈေးနှုန်း အနေဖြင့်(၆၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း နေလသုခပွဲရုံပိုင်ရှင်ထံမှ သိရှိရပါ သည် ။ (၁)ဧကအကျိုးအမြတ်အနေဖြင့်(၅၀၀၀၀၀)ကျပ်ဝန်းကျင်ခန့်မြတ်ကြောင်း၊ ပဲကြီးသီးနှံစိုက်ပျိုး ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိရုံသာမက ကျွဲစာ၊နွားစာများအတွက်လည်း ဖူလုံလျက်ရှိသောကြောင့် ပိုမိုတိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)