
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ ရပ်ကွက်အစုံတွင် ဖွင့်လှစ်ရောင်းချကာ အသက်မွေးဝမ်းကျောင်းပြုပြီး မိမိတို့နေအိမ်များတွင် ကုန်စုံဆိုင် များ ဖွင့်လှစ်ရောင်းချသလို မြို့တွင်းရပ်ကွက်ဈေးများအတွင်းမှာလည်း ရောင်းချလျက်ရှိပါသည်။ ထိုသို့ ရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် ရေဦးမြို့နယ် ဒေသထွက် ပေါက်ပေါက်ဆုတ်များ စတင်ရောင်း ချလျက်ရှိကြောင်း သိရှိရပါသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချသည့် ဆိုင်များတွင် ဖြစ်ပေါ်နေသော ပေါက်ပေါက်ဆုတ် ဈေးနှုန်း အနေဖြင့် ပေါက်ပေါက်ဆုတ် တစ်ပိဿာလျှင်(၁၀၀၀၀) ကျပ်၊ပေါက်ပေါက်ဆုတ်(၅၀) ကျပ်သားလျှင်(၅၀၀၀)ကျပ်နှင့် ပေါက်ပေါက်ဆုတ် (၂၅)ကျပ်သားလျှင် (၂၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကျွန်းလှမြို့ ကုန်မျိုးစုံရောင်းချနေသာ ကုန်မျိုးစုံ ရောင်း ချသည့်ဆိုင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)