အရသာခါးသော်လည်း အကျိုးကျေးဇူးများသည့် ကြက်ဟင်းခါးသီး

Powered by Drupal

ကြက်ဟင်းခါးသီးသည်အမြင်မလှ၊ အရသာခါးသော်လည်း အကျိုးများစေသောအသီးတစ်မျိုး ဖြစ်ပြီး ခြောက်သွေ့စိုစွတ်သည့် ရာသီဉတုကိုကြိုက်နှစ်သက်ပါသည်။ ကြက်ဟင်းခါးသီးပင်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး စင်ခံပြီးစိုက်ပျိုးလေ့ရှိပြီး မမှည့်ခင်ဆွတ်ပြီး စားရပါသည်။ ကြက်ဟင်း ခါးသီးကိုမချက်ပြုတ်ခင် ဆားရည်နှင့်စိမ်ပြီး ညှစ်ထုတ်လျှင် အခါးသက်သာစေပါသည်။ ကြက်ဟင်း ခါးသီးတွင် ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဗီတာမင်စီ၊ သံဓာတ်၊ ကယ်လ်ဆီယမ် စသည်တို့ပါဝင်ပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါသောအသီးဖြစ်ပါသည်။ ကြက်ဟင်းခါးသီးသည် ရောဂါကြီးသုံးခုကို အဓိကကာကွယ်ပေးပါသည်။ ဆီးချို၊ သွေးချိုရောဂါ၊ HIVရောဂါ၊ ခုခံအားနှင့် ပတ်သည်သည့် ရောဂါများကုသရာတွင် အသုံးဝင်ပါသည်။ ကြက်ဟင်းခါးသီး၏အရည်သည် သွေးဆိပ်သင့်ခြင်းကြောင့် ဖြစ်တတ်သောယားယံခြင်းများကို သက်သာစေပါသည်။ အသည်းကို သန့်စင်စေသည့်အတွက် အယ်ကိုဟောဓာတ်များသော လူများစားသုံးသင့်ပါသည်။ ကိုယ်ခံအား ကိုမြှင့်တင်စေပြီး အူမကြီးနှင့်အစာအိမ်လှုပ်ရှားမှုကို ကူညီပေးပါသည်။ ကြက်ဟင်းခါးသီး၏ သတိ ထားရမည့်အချက်မှာ သွေးတက်စေသောကြောင့် သွေးတိုးသမားများ သတိထားစားသုံးသင့်ပါသည်။ ထိုသို့ကျန်းမာရေးအတွက်အထောက်အကူများသော ကြက်ဟင်းခါးသီးကို လူတိုင်းစားသုံးသင့်ပါ သည်။

DOCA(မန္တလေး)